K pop
■ လွန်ခဲ့တဲ့ ၂ နှစ်က Run BTS က ကင်မရာတစ်ဦးကို မမေ့နိုင်သေးတဲ့ Jungkook
-UNICODE
– – – Run BTS ဖန်တွေဆိုရင်တော့ ဒီအဖြစ်အပျက်ကို သိပါတယ်။ အဲဒီတုန်းက Jungkook ဟာ…
တကယ်လို့ Big Hit Entertainment မှာ လစာတိုးတာတို့ ဘာတို့နဲ့ ထိုက်တန်တဲ့သူဆိုရင် Jungkook ရဲ့ ကင်မရားမန်းကိုပဲ လက်ညှိုးထိုးရမှာပါ။
ဒါကတော့ ၂၀၁၉ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ Run BTS အပိုင်း (၈၇) မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက BTS အဖွဲ့ဝင်တွေဟာ လိုက်တမ်း၊ ပြေးတမ်းဂိမ်းကို ကစားနေခဲ့တာ ဖြစ်ပါတယ်။ Jungkook ဟာ နိုင်လိုဇောနဲ့ ဂိမ်းကို သဲကြီးမဲကြီး ကစားနေပြီး အသားကုန်ပြေးနေခဲ့တာပါ။
Jungkook က ပြေးနေတာ အလွန်မြန်တော့ နောက်ကကင်မရာမန်းက အသည်းအသန်လိုက်ခဲ့ရပါတယ်။ ဒီမှာ ကင်မရာမန်းက မောပန်းနေတဲ့ကြားကပဲ လက်မလျှော့ဘဲ Jungkook နောက်ကို အမှီလိုက်ခဲ့ပါတယ်။ အဲဒီနောက် အခုအခါမှာတော့ Jungkook က အဲဒီကင်မရာမန်းအကြောင်း ပြန်ပြောင်းပြောခဲ့တာပါ။
Run BTS ရဲ့ အပိုင်း (၁၂၆) မှာတော့ BTS အဖွဲ့ဝင်တွေဟာ သူတို့နောက်ကိုလိုက်မဲ့ ကင်မရာမန်းတွေကိုယ်စီကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ အဲဒီအခါ Jungkook က သူ့ရဲ့ ကင်မရာမန်းကို မှတ်မိသွားခဲ့ပြီး “နောက်ဆုံးတစ်ကြိမ်တုန်းက ခင်ဗျားကို ကျွန်တော် မှတ်မိခဲ့တယ်။ ကျျွန်တော်တို့က အသက်ရှူရပ်မတက် အရမ်းပြေးခဲ့ကြတာလေ”လို့ Jungkook က ဆိုခဲ့ပါတယ်။
Jungkook ရဲ့ ပြောစကားကို BTS အဖွဲ့ဝင်တွေကလည်း သဘောကျသွားခဲ့ပြီး လက်ခုပ်လက်ဝါးတီးခဲ့ကြကာ RM က သူက ငါတို့နဲ့အကိုက်ဆုံးသူ ပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီနောက် Jungkook က အရမ်းပြေးရအောင်လုပ်မိခဲ့တဲ့အတွက် တောင်းပန်ပါကြောင်း၊ ဒါပေမဲ့ လိုအပ်လို့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page