K pop
■ Bobby နဲ့ Mino အကြား ရွေးချယ်မှုမှာ Yoshi ရဲ့ ရင်ခုန်စရာအဖြေ
-UNICODE
– – – Boobby နဲ့ Mino အကြား ရွေးချယ်ခိုင်းရာမှာတော့ Yoshi က…
YG Entertainment ရဲ့ အငယ်ဆုံးအဖွဲ့ TREASURE အဖွဲ့ဝင်တွေဟာ သူတို့သဘောကျတဲ့ စီနီယာ Idol တွေအကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားခဲ့တာပါ။
Rapper ဖြစ်တဲ့ Yoshi ကလည်း YG Entertainment မှာ သူလေးစာအတုယူရတဲ့ Idol တွေရှိနေပြီး Muply နဲ့ အင်တာဗျူးမှာတော့ အဲဒီ Idol တွေအကြောင်း ထုတ်ဖော်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအခါ Yoshi ဟာ သူကြိုက်နှစ်သက်တဲ့ YG ရဲ့ စီနီယာ Rapper နှစ်ယောက်ဖြစ်တဲ့ iKON အဖွဲ့ဝင် Bobby နဲ့ WINNER အဖွဲ့ဝင် Mino တို့အကြား ရွေးချယ်မှု ပြုလုပ်ခဲ့ရပါတယ်။ Yoshi ရဲ့ရွေးချယ်မှုကို TREASURE အဖွဲ့ဝင်တွေကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြတာပါ။
Yoshi က သူ့အနေနဲ့ Bobby ကို ပိုပြီးနှစ်သက်ကြောင်း၊ သူ့အနေနဲ့ Rapper တစ်ယောက်ဖြစ်လာဖို့ Bobby က လှုံဆော်မှုပေးခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော် အလယ်တန်းတုန်းက Show Me The Money မှာ Bobby ကို တွေ့ခဲ့ပါတယ်။ အဲဒီနောက် သူ့ကိုကြည့်ပြီး Rap ဆိုသင့်တယ်လို့ တွေးမိခဲ့တာပါ။ Bobby ဟာ ကျွန်တော့်ကို K-pop Idol ဖြစ်လာအောင် တွန်းအားပေးခဲ့သူပါ။
Mino sunbaenim ရဲ့အသံကလည်း အရမ်းကောင်းပါတယ်”လို့ Yoshi က ဖွင့်ဟခဲ့ပါတယ်။ Yoshi ရဲ့အဖြေကို TREASURE အဖွဲ့ဝင်တွေကလည်း သဘောကျခဲ့ကြတာ တွေ့မြင်ခဲ့ရပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page