-UNICODE
– – -RM ရဲ့စိတ်ထဲ Suga ကို အားနာမိနေတဲ့ အခိုက်အတန့်တေရှိခဲ့ပြီး…..
BTS အဖွဲ့ဝင်တွေဟာ ပွဲထွက်ခါစ နေ့ရက်ကတည်းက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ရိုင်းပင်းမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဖြတ်သန်းလာခဲ့ကြတာပါ။
ဒါပေမဲ့ လူသားတွေအလျှောက် တစ်ခါတစ်လေမှာလည်း ပွတ်တိုက်မိတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ 2020 BTS FESTA မှာ BTS အဖွဲ့ဝင်တွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် တောင်းပန်ချင်နေတဲ့ အခိုက်အတန့်တွေ ရှိသလားလို့ အမေးခံခဲ့ရပါတယ်။
အဲဒီအခါ RM က သူ့အနေနဲ့ ပွဲထွက်ခါစနေ့ရက်တွေမှာ Suga ကို အားနာပြီး တောင်းပန်ချင်တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ BTS အဖွဲ့ ပွဲထွက်ခါစနေ့ရက်တွေမှာ သူတို့ဟာ အလွန်တက်ကြွနေလို့ တစ်ခါတလေ Suga အပေါ် ရိုင်းစိုင်းစွာ ဆက်ဆံမိတဲ့ အခိုက်အတန့်တွေ ရှိတယ်လို့ RM က ဆိုခဲ့တာပါ။
အဲဒီကာလတွေမှာ သူ့အနေနဲ့ မလုပ်သင့်တဲ့အရာတွေကို ပြုမူခဲ့ကြောင်း၊ အထူးသဖြင့် အဖွဲ့ဝင်တွေထဲမှာမှ Suga အပေါ် အဲဒီလိုဆက်ဆံမိကြောင်း RM က ဆိုခဲ့တာပါ။ ဆက်လက်ပြီး Suga အနေနဲ့ အားငယ်နေပြီး ခံစားချက်ကိုမြိုသိပ်ထားတဲ့အခါမျိုးမှာလည်း ဝမ်းနည်းရတယ်လို့ RM က ဖွင့်ဟခဲ့ပါတယ်။
အခုအခါမှာတော့ Suga ဟာ သူခံစားချက်တွေကို မြိုသိပ်မထားဘဲ ပိုပြီးဖွင့်ဟလာခဲ့ပြီလို့လည်း RM က ဆိုခဲ့ပါတယ်။ BTS အဖွဲ့ဝင်တွေကြား တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မှုဟာ သဘောကျချင်စရာကောင်းတယ်လို့ ဆိုရမှာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ BTS အေစာပိုင္းေန႔ရက္ေတြကျဖစ္ရပ္အတြက္ Suga ကိုျပန္ၿပီး ေတာင္းပန္ခ်င္တဲ့အေၾကာင္းကို RM ဖြင့္ဟ
– – -RM ရဲ႕စိတ္ထဲ Suga ကို အားနာမိေနတဲ့ အခိုက္အတန႔္ေတရွိခဲ့ၿပီး…..
BTS အဖြဲ႕ဝင္ေတြဟာ ပြဲထြက္ခါစ ေန႔ရက္ကတည္းက တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္႐ိုင္းပင္းမႈေတြ၊ ခ်စ္ျခင္းေမတၱာေတြနဲ႔ ျဖတ္သန္းလာခဲ့ၾကတာပါ။
ဒါေပမဲ့ လူသားေတြအေလွ်ာက္ တစ္ခါတစ္ေလမွာလည္း ပြတ္တိုက္မိတာေတြ ရွိေကာင္းရွိႏိုင္ပါတယ္။ 2020 BTS FESTA မွာ BTS အဖြဲ႕ဝင္ေတြအေနနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ ေတာင္းပန္ခ်င္ေနတဲ့ အခိုက္အတန႔္ေတြ ရွိသလားလို႔ အေမးခံခဲ့ရပါတယ္။
အဲဒီအခါ RM က သူ႔အေနနဲ႔ ပြဲထြက္ခါစေန႔ရက္ေတြမွာ Suga ကို အားနာၿပီး ေတာင္းပန္ခ်င္တဲ့အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ BTS အဖြဲ႕ ပြဲထြက္ခါစေန႔ရက္ေတြမွာ သူတို႔ဟာ အလြန္တက္ႂကြေနလို႔ တစ္ခါတေလ Suga အေပၚ ႐ိုင္းစိုင္းစြာ ဆက္ဆံမိတဲ့ အခိုက္အတန႔္ေတြ ရွိတယ္လို႔ RM က ဆိုခဲ့တာပါ။
အဲဒီကာလေတြမွာ သူ႔အေနနဲ႔ မလုပ္သင့္တဲ့အရာေတြကို ျပဳမူခဲ့ေၾကာင္း၊ အထူးသျဖင့္ အဖြဲ႕ဝင္ေတြထဲမွာမွ Suga အေပၚ အဲဒီလိုဆက္ဆံမိေၾကာင္း RM က ဆိုခဲ့တာပါ။ ဆက္လက္ၿပီး Suga အေနနဲ႔ အားငယ္ေနၿပီး ခံစားခ်က္ကိုၿမိဳသိပ္ထားတဲ့အခါမ်ိဳးမွာလည္း ဝမ္းနည္းရတယ္လို႔ RM က ဖြင့္ဟခဲ့ပါတယ္။
အခုအခါမွာေတာ့ Suga ဟာ သူခံစားခ်က္ေတြကို ၿမိဳသိပ္မထားဘဲ ပိုၿပီးဖြင့္ဟလာခဲ့ၿပီလို႔လည္း RM က ဆိုခဲ့ပါတယ္။ BTS အဖြဲ႕ဝင္ေတြၾကား တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္မႈဟာ သေဘာက်ခ်င္စရာေကာင္းတယ္လို႔ ဆိုရမွာပါ။
Ref: Koreaboo
* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *