Cele

■ ယောကျ်ားတွေထက်တောင် သန်မာပါတယ်လို့ သတ်မှတ်ခံထားတဲ့ရတဲ့ အမျိုးသမီး Idol (၅) ဦး

– – -K-pop နယ်ပယ်ရဲ့ Wonder Women တွေလို့ ဆိုရမှာဖြစ်ပြီး ဘယ်သူတွေလဲဆိုတော့……

အမျိုးသမီး K-pop Idol တွေဟာ ချစ်စရာကောင်းကြတာကို တွေ့ရမှာပါ။ ဒါကြောင့် သူတို့ထဲကတစ်ချို့ကတော့ အပြင်ပန်းအမြင်နဲ့မလိုက်အောင် အားသန်လွန်းလှသူတွေ ရှိပါတယ်။

Kim Sejeong (gugudan)

Gugudan အဖွဲ့ဝင် Kim Sejeong ဟာ အားကောင်းတဲ့ မိန်းကလေးအဖြစ် ထင်ရှားသူဖြစ်ပါတယ်။ သူမဟာ အားကောင်းသူဆိုတာ Variety Show တွေမှာ အကြိမ်ကြိမ် သက်သေပြထားခဲ့ပြီး Defcon လိုလူမျိုးကိုတောင် ကုန်းပိုးပြခဲ့ပါတယ်။

Suzy

Suzy ကလည်း သန်မာသူတစ်ယောက်ပါ။ သူမဟာ ပျဉ်ပြားတွေကိုတောင် ရိုက်ချိုးနိုင်သလို လက်မောင်းလှဲတဲ့အခါတွေမှာလည်း နိုင်တာများပါတယ်။

Yoona (Girls’ Generation)

SNSD အဖွဲ့ဝင် Yoona ရဲ့အားသန်မှုကိုလည်း Variety Show တွေမှာ တွေ့မြင်ရမှာပါ။ Strong Yoona လို့တောင် နာမည်ပြောင်ရထားပြီး ကြက်ခြေထောက်ဂိမ်းမှာလည်း Yoona ဟာ အနိုင်ရလေ့ရှိပါတယ်။

Hyeri (Girl’s Day)

Weekly Idol အစီအစဉ်မှာ Hyeri ဟာ Defconn နဲ့ Jung Hyun Don တို့နှစ်ယောက်စလုံးကို ပွေ့ချီပြခဲ့ပြီး အားသန်မှုကို ပြသခဲ့ပါတယ်။

Goo Hara

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ Goo Hara ကလည်း အားသန်လှသူတစ်ဦးပါ။ Sweet Girl ရဲ့ အပိုင်းတစ်ပိုင်းမှာ Goo Hara ဟာ Truck ကားကိုတောင် ရွှွေ့တောင် ကြိုးနဲ့ ဆွဲပြခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page