K pop

■ SM, YG နဲ့ JYP တို့ကို ကိုယ်စားပြုတဲ့ K-pop အဖွဲ့များ

– – -SM, YG , JYP လို့ ပြောလိုက်တာနဲ့ ဒီအဖွဲ့တွေကို တန်းမြင်တဲ့သဘောမျိုး…

နာမည်ကျော်ကိုရီးယား forum website ဖြစ်တဲ့ theqoo မှာ တလောက အကြောင်းအရာတစ်ခုက ပရိသတ်တွေကြား ရေပန်းစားခဲ့တာပါ။

ဒါကတော့ Post တင်သူတစ်ယောက်က K-pop အေဂျင်စီတွေထဲမှာ Big 3 လို့ နာမည်ကြီးတဲ့ SM,YG နဲ့ JYP တို့ကို ကိုယ်စားပြုတဲ့ K-pop အဖွဲ့တွေကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ ရွေးချယ်မှုကို ပရိသတ်တွေကလည်း စိတ်ဝင်စားကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

Post တင်သူဟာ SM Entertainment ကို ကိုယ်စားပြုတဲ့ K-pop အဖွဲ့တွေအဖြစ် SNSD အဖွဲ့ခေါင်းဆောင် Taeyeon နဲ့ NCTအဖွဲ့တို့ကို ရွေးချယ်သွားခဲ့ပါတယ်။

YG Entertainment ကို ကိုယ်စားပြုတဲ့အဖွဲ့အဖြစ် နာမည်ကျော် BLACKPINK နဲ့ Akdong Musician (AKMU) တို့ကို ရွေးချယ်ခဲ့တာပါ။

JYP ကို ကိုယ်စားပြုတဲ့အဖွဲ့အဖြစ်တော့ လက်ရှိ JYP ရဲ့ နာမည်ကျော်အမျိုးသမီးအဖွဲ့တွေဖြစ်တဲ့ TWICE နဲ့ ITZY တို့ကို ရွေးချယ်သွားခဲ့ပါတယ်။

အဲဒီနောက် ပရိသတ်တွေကလည်း စိတ်ဝင်တစား ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေက SM Entertainment ကို ကိုယ်စားပြုတဲ့အဖွဲ့တွေအဖြစ် EXO,SHINee, BoA, Red Velvet, Super Junior တို့ကို ရွေးချယ်ခဲ့ပါတယ်။

YG Entertainmentကို ကိုယ်စားပြုတဲ့အဖွဲ့တွေအဖြစ် TREASURE, BIGBANG တို့ကို ရွေးချယ်ခဲ့တာပါ။

နောက်ဆုံး JYP Entertainment ကို ကိုယ်စားပြုတဲ့အဖွဲ့အဖြစ် Stray Kids နဲ့ 2PM တို့ကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page