K pop

■ အမေရိကန်သမ္မတတွေနဲ့အပြိုင် ဆိုရှယ်မီဒီယာစံချိန်တစ်ခုတင်ခဲ့တဲ့ Jungkook

—- ပြီးခဲ့တဲ့ 2020 ခုနှစ်ကတည်းမှာ Twitter မှာ အမြဲတမ်းလိုလို စံချိန်တွေတင်ခဲ့တဲ့ BTS ရဲ့ Golden Maknae လေး Jungkook ဟာ 2021 ခုနှစ်အစမှာပဲ အမေရိကန် သမ္မတတွေနဲ့အပြိုင်….

မကြာသေးခင်က Jungkook ဟာ 2021 ခုနှစ် Twitter ပထမဆုံး ပို့စ်တစ်ခုဖြစ်တဲ့ Blonde Selfie ပို့စ် ကိုတင်ခဲ့ပါတယ်။ ပို့စ်တင်ပြီး 4 ရက်အတွင်းမှာ အဆိုပါပို့စ်ဟာ Like 2.8 သန်းကျော်ရရှိခဲ့ပါတယ်။ ဒါ ကြောင့် Jungkook ရဲ့ ပို့စ်ဟာ Twitter သမိုင်းမှာ စံချိန်မှတ်တမ်းတင်သွားခဲ့ပါတယ်။

Jungkook ရဲ့ ပို့စ်ဟာ Twitter သမိုင်းမှာ Like အများဆုံးပို့စ်အဖြစ် Top 30 ထဲဝင်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် 2021 ခုနှစ်မှာ အမေရိကန်လက်ရှိသမ္မတ Joe Biden ၊ သမ္မတဟောင်း Barack Obama တို့ နဲ့အတူ Twitter မှာ Like အများဆုံးရရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

ဒီလို ကမ္ဘာကျော်သမ္မတတွေနဲ့အပြိုင် ဆိုရှယ်မီဒီယာစံချိန်ကိုရရှိခဲ့တာ ပထမဆုံးနဲ့ တစ်ဦးတည်းသော အဆိုတော်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ Jungkook ကိုပရိသတ်တွေက SNS King လို့သမုတ်ကြပြီး 2021 ခုနှစ်အစမှာပဲ Jungkook ဟာ သူ့ရဲ့ ဂုဏ်ပုဒ်ကို သက်သေပြခဲ့တာဖြစ်ပါတယ်။

နောက်ပြီး Jungkook ဟာ Twitter သမိုင်းမှာ Like အများဆုံး Tweet 15 ခုစာရင်းမှာ အခုပို့စ်ရယ် Never Not 💜, 😙 ၊ Savage Love 🎶 ပို့စ် (၃)ခု စာရင်းဝင်ထားတဲ့ တစ်ဦးတည်းသော အဆိုတော်လည်း ဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page