Celebrity

■ BTS နဲ့ Lee Min Ho ဟာ ကမ္ဘာအနှံ့ အချစ်ခံရဆုံး Hallyu Star တွေလို့ ကိုရီးယားအစိုးရထုတ်ပြန်

—- ကိုရီးယားအစိုးရဟာ K-pop Star BTS နဲ့ Actor Star Lee Min Ho တို့ဟာ ကမ္ဘာအနှံ့အချစ်ခံရ ဆုံး Hallyu Star တွေလို့ ထုတ်ပြန်ခဲ့ပါတယ်။

ကိုရီးယားအစိုးရဖြစ်တဲ့ Ministry of Culture, Sports and Tourism နဲ့ Korean Foundation for International Culture Exchange တို့ဟာ ‘2021 Overseas Hallyu Report’ ကိုကြည့်ပြီး အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့ဟာ ပေါ်ပြူလာအဖြစ်ဆုံး K-pop Star ဖြစ်သလို Lee Min Ho ကတော့ ပေါ်ပြူလာအဖြစ် ဆုံး Korean Actor လို့ ထုတ်ပြန်ခဲ့တာပါ။

ကိုရီးယားအစိုးရဟာ Korean Cultuar Content နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ 24 ရက်နေ့ကနေ နိုဝင်ဘာလ 4ရက်နေ့အထိ အမေရိကန်၊ တရုတ်၊ ဂျပန် အပါအဝင် ကမ္ဘာအနှံ့ 18 နိုင်ငံမှာ အွန်လိုင်း Survey ကောက်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ BTS အဖွဲ့က လူကြိုက်အများဆုံး K-pop Star အဖြစ် 22% နဲ့ ရွေးချယ်ခံခဲ့ရသလို Lee Min Ho က လူကြိုက်အများဆုံး Actor အဖြစ် 9.6% နဲ့ ရွေးချယ်ခံရတာပါ။ လူကြိုက်အများဆုံးရုပ်ရှင်က တော့ “Parasite” (18.4%) ၊ လူကြိုက်အများဆုံး ကာတွန်းကတော့ “Pucca”(21.4%) ဖြစ်ခဲ့ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page