K pop

■ T.O.P ရဲ့ Update လုပ်တဲ့ ပုံပြင်တစ်ခုမှာ V.I.P တွေအရည်ပျော်

—- BIGBANG အဖွဲ့ရဲ့ အနှစ်သာရပြည့်ဝတဲ့ Music တွေကိုမှ နားထောင်ချင်တဲ့ V.I.P တွေဟာ Comeback ကိုမျှော်လင့်နေရင်းနဲ့ အဖွဲ့ဝင်တွေရဲ့ လူမှုကွန်ရက်မှာ Update လုပ်တာကိုပဲကြည့်ပြီး ဖြေသာနေခဲ့ရပါတယ်။

V.I.P တွေရဲ့အချစ်တော် နာမည်ပြောင်ရထားတဲ့ အဖိုးကြီး တစ်ဖြစ် T.O.P ဟာ Instagram မှာ အမြဲ တမ်း Update လုပ်ပေးနေတာဖြစ်ပါတယ်။ ဇန်နဝါရီလ 28 ရက်နေ့ကလည်း T.O.P ဟာ သူ့ရဲ့ Instagram ကနေ ဓါတ်ပုံတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်တစ်ခုကို ဖော်ပြခဲ့ပါတယ်။

T.O.P ဟာ အစားအသောက် Delivery မှာယူတဲ့ App ဓါတ်ပုံ၊ ပေါင်မုန့်ဆိုင်ရဲ့ Logo၊ သူမှာယူထားတဲ့ မုန့်(၆)ခုရဲ့ Screen Shot ပုံတွေကို တင်ခဲ့ပါတယ်။ နောက်ပြီး “special requests” box လေးမှာ ပေါင်မုန့်ပိုင်ရှင်အတွက်လည်း စာတိုလေးရေးပေးခဲ့တာပါ။ အဆိုပါ စာတိုလေးဟာ V.I.P အတွက် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။

T.O.P ရေးထားတာက “ ပိုင်ရှင်ဆီသို့…ကျွန်တော်ဟာ 35 နှစ်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့အမေနဲ့ အဖေ ဟာ Taegeukdang Bakery ဆိုင်လေးမှာ ပထမဆုံးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒီနေရာလေးကနေ အစပြုပြီး ကျွန်တော့်ကို မွေးဖွားလာတာပေါ့။ ဒီနေရာပါပဲ” ဆိုပြီးဖြစ်ပါတယ်။

ဆိုးလ်မြို့၊ ဂျောင်ဂူးမှာရှိတဲ့ Taegeukdang Bakery ဆိုင်လေးဟာ T.O.P ရဲ့မိဘနှစ်ပါး စတင်တွေ့ဆုံ ခဲ့ကြတဲ့နေရာဖြစ်ဟန်တူပြီး အတိတ်ကို တမ်းတလွမ်းဆွတ်တဲ့အနေနဲ့ T.O.P က ဓါတ်ပုံတွေတင်ခဲ့တာ ဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page