K pop

■ 2020 ခုနှစ်မှာ Album ရောင်းအားအများဆုံး Female K-pop Artist ဖြစ်ခဲ့တဲ့ IZ*ONE

—- IZ*ONE အဖွဲ့ဟာ 2020 ခုနှစ်အတွင်းမှာ Album ရောင်းအားအများဆုံး Female K-pop Artist ဖြစ်ခဲ့တာပါ။

ဇန်နဝါရီလ 28 ရက်နေ့က Hanteo Chart ဟာ နှစ်ကုန် Album ရောင်းအား အချက်အလက်အချို့ကို ထုတ်ပြန်ခဲ့ပါတယ်။ 2020 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့က ဒီဇင်ဘာလ 31 ရက်နေ့အထိ Album ရောင်းအား စုစုပေါင်းကို ဖော်ပြခဲ့တာပါ။

Hanteo Chart ကထုတ်ပြန်တဲ့ အချက်အလက်အရ IZ*ONE အဖွဲ့ဟာ 2020 ခုနှစ်အတွင်း Album အားလုံးပေါင်း 1,292,919 Copies ရောင်းချနိုင်ခဲ့ပြီး အမျိုးသမီး K-pop Artist တွေအနက် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

2020 ခုနှစ်မှာ IZ*ONE အဖွဲ့ဟာ သူတို့ရဲ့ တတိယမြောက် Mini Album ‘Oneiric Diary’ ဟာ 439,994 Copies ၊ ပထမဆုံး Full Album ‘BLOOM*IZ’ က 415,827 Copies ၊ 4ခုမြောက် Mini Album ‘One-reeler/ Act IV’ က 378,443 Copies ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်း Album 1 သန်း ကျော်ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page