K pop
■ BLACKPINK ရဲ့ အမာခံပရိသတ်ဆိုတာ စူပါမော်ဒယ်Gigi Hadid သက်သေပြထားတဲ့အချက်များ
-UNICODE
– – – Gigi Hadid ဟာ အမာခံ BLINK တစ်ယောက်ဆိုတာ ဒီအချက်တွေကိုကြည့်ရင် သိနိုင်မှာပါ။
အမေရိကန် စူပါမော်ဒယ် Gigi Hadid ဟာ BLACKPINK ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဆိုတာ အောက်ပါအတိုင်း အကြိမ်ကြိမ် သက်သေပြထားခဲ့တာပါ။
BLACKPINK ဝတ်စုံကို ဝတ်ထားခဲ့တဲ့ Gigi Hadid
ဇန်နဝါရီ (၂၉) ရက်နေ့တုန်းက Gigi Hadid ဟာ အိပ်ယာပေါ်မှာ Mask ကပ်ထားတဲ့ပုံရိပ်ကို story မှာ တင်ခဲ့ပါတယ်။ အဲဒီမှာGigi Hadid ဟာ BLACKPINK ရဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ Gigi Hadid ဝတ်ဆင်ထားတဲ့ ဝတ်စုံက YG ကတရားဝင် ထုတ်လုပ်တဲ့ Kill This Love BLACKPINK T-Shirt Type 1 ဖြစ်ပြီး ကန်ဒေါ်လာ (၃၀) ဝန်ကျင်း ကျသင့်ပါတယ်။
Ariana Grande ရဲ့ Post ကို Like လုပ်ခဲ့တဲ့ Gigi Hadid
Coachella ဖျော်ဖြေပွဲပြီးနောက် Ariana Grande ဟာ BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Lisa, Rose’ နဲ့ Jennie တို့နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံကို Instagram မှာ တင်ခဲ့ပါတယ်။ အဲဒီ Post ကို Gigi Hadid က Like ပေးခဲ့တာ တွေ့ရပါတယ်။
Jennie ရဲ့ Post ကို Like ပေးခဲ့တဲ့ Gigi Hadid
Moisas Arias ဟာ Jennie ဓာတ်ပုံကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပြီး Jennie Jane ဆိုတဲ့ Caption ကို ရေးသားထားခဲ့ပါတယ်။ အဲဒီ Post ကိုလည်း Gigi Hadid က Like ပေးခဲ့တာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page