K pop

■ MAMAMOO အဖွဲ့ဝင် Solar ရဲ့ အထင်ကရ Cover Dance (၄) ခု

– – – ဒါတွေက Solar ရဲ့ လုံးဝအမိုက်စား Cover Dance တွေလို့ဆိုရမှာဖြစ်ပြီး….

MAMAMOO အဖွဲ့ဝင် Solar ဟာ အကပိုင်းနဲ့ ပတ်သက်ရင် ပါရမီပါပြီး ထူးခြားသူလို့ ဆိုရမှာပါ။ သူမရဲ့ You Tube Channel မှာလည်း Solar ဟာ Cover Dance တွေကို တင်လေ့ရှိပါတယ်။ အဲဒီ Cover Dance တွေထဲကမှ အမိုက်စား (၄) ခုကို ဖော်ပြပေးလိုက်ရပါတယ်။

“Positions” — Ariana Grande

Solar က တလောတုန်းက Ariana Grande ရဲ့ Positions ကို Cover Dance ပြုလုပ်ခဲ့ပါတယ်။ Solar ဟာ HyoJungနဲ့အတူ 7Hills Dance Studio မှာ ကခဲ့တာပါ။ အဲဒီ choreography ဟာ လုံးဝဆွဲဆောင်မှုရှိလွန်းခဲ့ပြီး အမိုက်စားဖြစ်ခဲ့တာပါ။

Tap In” — Saweetie

Saweetie ရဲ့ Tap In ကို Cover Dance ပြုလုပ်ရာမှာလည်း Solar ရဲ့ ပုံစံက ညို့ချက်ပြင်းလွန်းနေခဲ့တာပါ။ Solar ဟာ ယုံကြည်မှုရှိရှိနဲ့ ဆက်စီဆန်လွန်းတဲ့ပုံစံကို ချပြခဲ့တာ တွေ့ရပါတယ်။

“Yummy” — Justin Bieber

နာမည်ကျော ်ပေါ့စ်စူပါစတား Justin Bieber ရဲ့ Yummy သီချင်းကိုလည်း Solar က Hyojung နဲ့အတူ ကပြခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ Solar ရဲ့ အကစွမ်းရည်တိုးတက်လာခဲ့တာကို အထင်းသား တွေ့မြင်နိုင်ပါတယ်။

Say So” — Doja Cat

Say So. သီချင်းကိုတော့ Solar က sweet version နဲ့ ကပြခဲ့တာပါ။ တကယ့်ကို လန်းဆန်းတက်ကြွမှုအပြည့်နဲ့ Solar ကတဲ့ပုံစံလေးက ချစ်စရာကောင်းလွန်းနေတာ ဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page