– – -ဒီ အမျိုးသား Idol နှစ်ယောက်ဟာ Netflix စီးရီးတွေနဲ့ အလွန်လိုက်ဖက်တယ်လို့…..
ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို Netflix စီးရီးတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် တွေ့မြင်လိုနေကြပါတယ်။ သူတို့နှစ်ယောက်ကတော့ တခြားမဟုတ်ဘဲ ပရိသတ်တွေသိပြီးသား နာမည်ကျော်တွေပဲ ဖြစ်ပါတယ်။
Huening Kai (TXT)
ကလေးဆန်ပြီးချစ်စရာကောင်းတဲ့ ရုပ်ရည်သွင်ပြင်က Huening Kai ဟာ Netflix စီးရီးတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် လိုက်ဖက်မှာလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။ ဒါကြောင့် ပရိသတ်တွေက အခုကတည်းက Huening Kai ကို Netflix ပိုစတာတွေနဲ့ Edit ပြုလုပ်ခဲ့ကြပါတယ်။
Huening Kai ရဲ့ ချစ်စရာကောင်းပြီး တက်ကြွတဲ့ Vibe က တစ်နေ့ကျရင် စီးရီးတွေမှာ တွေ့မြင်ရနိုင်လောက်တယ်လို့လည်း ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။
Vernon (SEVENTEEN)
နောက်တစ်ယောက်ကတော့ SEVENTEEN အဖွဲ့ဝင် Vernon ပါ။ Visual ဖြစ်လွန်းတဲ့ Vernon က Netflix စီးရီးတွေနဲ့ လိုက်ဖက်လွန်းမယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ Vernon ကိုလည်း ပရိသတ်တွေက Huening Kai လိုပဲ Netflix ပိုစတာတွေနဲ့ Edit လုပ်ခဲ့ကြပါတယ်။
တကယ်လို့ Vernon ဟာ Netflix စီးရီးတွေမှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်မယ်ဆိုရင် အားလုံးကြွေကြမှာ မလွဲပါပဲ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *