K pop

■ ဝေဖန်မှုတွေခံနေရချိန် Lisa ဘက်ကနေ Jennie မားမားမတ်မတ် ရပ်တည်ပေးခဲ့စဉ်က….

-UNICODE

– – – အတိတ်မှာတုန်းက Lisa ဟာ နာကျင်စရာဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး အဲဒီအခါ Jennie က…

K-pop Idol တစ်ယောက်ဖြစ်ရတာ လွယ်ကူတာ မဟုတ်ဘဲ ဘာမဟုတ်တဲ့ အကြောင်းပြချက်သေးသေးလေးတွေနဲ့လည်း ဝေဖန်ခံရလေ့ ရှိပါတယ်။

BLACKPINK အဖွဲ့ဝင် Lisa ကလည်း အတိတ်မှာတုန်းက နာကျင်ဖွယ်ရာဖြစ်ရပ်တွေကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အဲဒီအထဲကမှ (၃၃) ကြိမ်မြောက် Golden Disc Awards က ဖြစ်ရပ်ကလည်း Lisa အတွက်တော့ နာကျင်စရာပါ။

အဲဒီမှာ မုန်းတီးသူတွေက Lisaရဲ့ ထိုင်းနောက်ခံနဲ့ ပတ်သက်ပြီး တိုက်ခိုက်ခဲ့ကြတာပါ။ Lisa ဟာ ကိုရီးယားမိတ်ကပ်ကြောင့်သာ ကြည့်ကောင်းနေတာ၊ အဲဒီမိတ်ကပ်တွေသာ မဖုံးထားရင် Lisa ဟာ သာမန်ထိုင်းမိန်းကလေးတစ်ယောက်ပဲလို့ တိုက်ခိုက်ခဲ့ကြတာပါ။

အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Lisa ဘက်ကနေ BLACKPINK အဖွဲ့ဝင်တွေအပါအဝင် ကိုရီးယားနယ်ပယ်က အနုပညာရှင်တွေ အများအပြားကလည်း ကာကွယ်ပေးခဲ့ကြပါတယ်။ (၃၃) ကြိမ်မြောက် Golden Disc Awards ပြီးနောက် BLACKPINK အဖွဲ့ဟာ Lisa ရဲ့ မွေးရပ်မြေထိုင်းနိုင်ငံမှာ ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီဖျော်ဖြေပွဲမှာ Jennie က ထိုင်းပရိသတ်တွေအားလုံး ရှေ့မှောက်မှာ ထိုင်းတွေအနေနဲ့ Lisa လိုလူမျိုး ပိုင်ဆိုင်ထားတာ ဂုဏ်ယူသင့်ကြောင်း၊ သူတို့အဖွဲ့ဝင်တွေအနေနဲ့လည်း Lisa ကို စောင့်ရှောက်လျက်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

“Lisa က အလွန်သန်မာပြီး အကောင်းမြင်စိတ်ရှိသူပါ။ ကျွန်မတို့အားလုံးကလည်း သူ့ကို စောင့်ရှောက်နေပါတယ်”လို့ Jennie က ဖွင့်ဟခဲ့တာပါ။ Jennie ရဲ့အဲဒီစကားက ၃၃) ကြိမ်မြောက် Golden Disc Awards က ဖြစ်ရပ်ကို ရည်ညွှန်းတယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။

ဒါကြောင့် တစ်ဦးအခက်အခဲကြုံတွေ့တိုင်း တစ်ဦးက ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးတတ်တဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ ပုံစံက ချစ်စရာလေးလို့ ဆိုရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ ေ၀ဖန္မႈေတြခံေနရခ်ိန္ Lisa ဘက္ကေန Jennie မားမားမတ္မတ္ ရပ္တည္ေပးခဲ့စဥ္က….

– – – အတိတ္မွာတုန္းက Lisa ဟာ နာက်င္စရာျဖစ္ရပ္တစ္ခုနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး အဲဒီအခါ Jennie က…

K-pop Idol တစ္ေယာက္ျဖစ္ရတာ လြယ္ကူတာ မဟုတ္ဘဲ ဘာမဟုတ္တဲ့ အေၾကာင္းျပခ်က္ေသးေသးေလးေတြနဲ႔လည္း ေဝဖန္ခံရေလ့ ရွိပါတယ္။

BLACKPINK အဖြဲ႕ဝင္ Lisa ကလည္း အတိတ္မွာတုန္းက နာက်င္ဖြယ္ရာျဖစ္ရပ္ေတြကို ခါးသီးစြာ ရင္ဆိုင္ခဲ့ရဖူးပါတယ္။ အဲဒီအထဲကမွ (၃၃) ႀကိမ္ေျမာက္ Golden Disc Awards က ျဖစ္ရပ္ကလည္း Lisa အတြက္ေတာ့ နာက်င္စရာပါ။

အဲဒီမွာ မုန္းတီးသူေတြက Lisaရဲ႕ ထိုင္းေနာက္ခံနဲ႔ ပတ္သက္ၿပီး တိုက္ခိုက္ခဲ့ၾကတာပါ။ Lisa ဟာ ကိုရီးယားမိတ္ကပ္ေၾကာင့္သာ ၾကည့္ေကာင္းေနတာ၊ အဲဒီမိတ္ကပ္ေတြသာ မဖုံးထားရင္ Lisa ဟာ သာမန္ထိုင္းမိန္းကေလးတစ္ေယာက္ပဲလို႔ တိုက္ခိုက္ခဲ့ၾကတာပါ။

အဲဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး Lisa ဘက္ကေန BLACKPINK အဖြဲ႕ဝင္ေတြအပါအဝင္ ကိုရီးယားနယ္ပယ္က အႏုပညာရွင္ေတြ အမ်ားအျပားကလည္း ကာကြယ္ေပးခဲ့ၾကပါတယ္။ (၃၃) ႀကိမ္ေျမာက္ Golden Disc Awards ၿပီးေနာက္ BLACKPINK အဖြဲ႕ဟာ Lisa ရဲ႕ ေမြးရပ္ေျမထိုင္းႏိုင္ငံမွာ ေဖ်ာ္ေျဖပြဲ က်င္းပခဲ့ပါတယ္။

အဲဒီေဖ်ာ္ေျဖပြဲမွာ Jennie က ထိုင္းပရိသတ္ေတြအားလုံး ေရွ႕ေမွာက္မွာ ထိုင္းေတြအေနနဲ႔ Lisa လိုလူမ်ိဳး ပိုင္ဆိုင္ထားတာ ဂုဏ္ယူသင့္ေၾကာင္း၊ သူတို႔အဖြဲ႕ဝင္ေတြအေနနဲ႔လည္း Lisa ကို ေစာင့္ေရွာက္လ်က္ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

“Lisa က အလြန္သန္မာၿပီး အေကာင္းျမင္စိတ္ရွိသူပါ။ ကြၽန္မတို႔အားလုံးကလည္း သူ႔ကို ေစာင့္ေရွာက္ေနပါတယ္”လို႔ Jennie က ဖြင့္ဟခဲ့တာပါ။ Jennie ရဲ႕အဲဒီစကားက ၃၃) ႀကိမ္ေျမာက္ Golden Disc Awards က ျဖစ္ရပ္ကို ရည္ၫႊန္းတယ္လို႔ ပရိသတ္ေတြက ယူဆခဲ့ၾကပါတယ္။

ဒါေၾကာင့္ တစ္ဦးအခက္အခဲႀကဳံေတြ႕တိုင္း တစ္ဦးက ေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ၿပီး ကာကြယ္ေပးတတ္တဲ့ BLACKPINK အဖြဲ႕ဝင္ေတြရဲ႕ ပုံစံက ခ်စ္စရာေလးလို႔ ဆိုရမွာပါ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page