– – – လာမဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း နာမည်ကျော် K-pop အဖွဲ့တွေရဲ့ အလန်းစား Comeback တွေကို တွေ့မြင်ရဖို့ ရှိနေပါတယ်။
မကြာခင်မှာ ကျွန်တော်တို့အနေနဲ့ ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက်လကို ချဉ်းနင်းဝင်ရောက်ရတော့မှာ ဖြစ်ပါတယ်။
K-pop နယ်ပယ်ကလည်း တစ်လပြီးတစ်လ Comeback တွေက ပရိသတ်တွေကို စောင့်ကြိုနေပြီး ဖေဖော်ဝါရီလအတွင်းမှာလည်း နာမည်ကျော် K-pop အဖွဲ့တွေ့ရဲ့ Comeback တွေကို ပရိသတ်တွေ တွေ့မြင်ရဖို့ ရှိနေပါတယ်။
MAMAMOO
MAMAMOO အဖွဲ့ဟာ တလော ထုတ်ဝေခဲ့တဲ့ ကိုရီးယား Album Travel ကို Dingga နဲ့ AYA တို့ရဲ့ ဂျပန်ဗာရှင်းတွေ ထပ်ထည့်ကာ ဂျပန် Album ကို ထုတ်ဝေသွားမှာပါ။ MAMAMOO ရဲ့ အဲဒီဂျပန် Album ကို ဖေဖော်ဝါရီ (၃) ရက်နေ့မှာ ထုတ်ဝေသွားမှာပါ။
L (INFINITE)
INFINITE အဖွဲ့ဝင် L ကလည်း မကြာခင်မှာ တစ်ကိုယ်တော်ပွဲထွက်နိုင်တော့မှာပါ။ L ရဲ့ ပထမဆုံး တစ်ကိုယ်တော် Album Memory ကို ဖေဖော်ဝါရီ (၃) ရက်နေ့မှာ ထုတ်ဝေသွားမှာပါ။
Aespa
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကမှ ပွဲထွက်ခဲ့တဲ့ SM ရဲ့အဖွဲ့သစ် Aespa ရဲ့ ပထမဆုံး Comeback ကိုလည်း ဖေဖော်ဝါရီလအတွင်းမှာ တွေ့မြင်သွားရမှာပါ။ Forever လို့အမည်ရတဲ့ ဒီ Comeback ကို ဖေဖော်ဝါရီ (၅) ရက်နေ့မှာ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
MOMOLAND & CHROMANCE
MOMOLAND နဲ့ ဂျာမနီ EDM အနုပညာရှင် CHROMANCE တို့ဟာ နာမည်ကျော် TikTok သီချင်း Wrap Me In Plastic ကို ပြန်လည်ဆန်းသစ်မှာဖြစ်ပြီး အဲဒီသီချင်းကိုတော့ ဖေဖော်ဝါရီ (၅) ရက်နေ့မှာ ထုတ်ဝေသွားမှာပါ။
BTS
နာမည်ကျော် BTS အဖွဲ့ကလည်း BE Album ရဲ့ New Edition ကို ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ ထုတ်ဝေသွားမှာပါ။ အခုထုတ်ဝေမဲ့ New Edition မှာ မူလသီချင်း (၈) ပုဒ်နဲ့အတူ surprises တွေလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလအတွင်းမှာ Kang Daniel ရဲ့ Comeback နဲ့ MONSTA X အဖွဲ့ဝင် I.M တို့ရဲ့ ပထမဆုံးပွဲဦးထွက်ကိုလည်း တွေ့မြင်ရဖို့ရှိပြီး သူတို့အတွက်တော့ ရက်သတ်မှတ်ရခြင်း မရှိသေးပါဘူး။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *