K pop

■ SM Entertainment မှာသာ ဆက်ရှိရင် aespa အဖွဲ့နဲ့ ပွဲထွက်နိုင်ချေရှိတဲ့ သင်တန်းသူ (၆) ဦး

– – – aespa နဲ့ ကံစပ်ဖို့ရာ အကြောင်းမလှခဲ့သူတွေလို့ ဆိုရမှာဖြစ်ပြီး…..

SM Entertainment ဟာ ဒီလထဲမှာ aespa အဖွဲ့ကို ပွဲထုတ်ခဲ့ပါတယ်။ aespa ရဲ့ ပွဲထွက်သီချင်း Black Mamba ဟာ အလွန်အောင်မြင်ခဲ့တာလည်း တွေ့ရမှာပါ။ တကယ်လို့ SM မှာသာ ဆက်နေခဲ့ရင် aespa အဖွဲ့ဝင် ဖြစ်လာနိုင်တဲ့ သင်တန်းသူတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Woo!ah!’s Wooyeon

Wooyeon ဟာ SM ကနေ NV Entertainment ကို ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီနှစ်အစောပိုင်းမှာ Woo!ah! နဲ့ အတူ ပွဲထွက်နိုင်ခဲ့ပြီး အဖွဲ့ရဲ့ Visual အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

Woo!ah!’s Nana

နောက်တစ်ယောက်ကလည်း Woo!ah! အဖွဲ့က Nana ပဲဖြစ်ပါတယ်။ Nana ဟာ SM ရဲ့ အစိတ်အပိုင်းဖြစ်ခဲ့ဖူးပြီး ချစ်စရာကောင်းတဲ့ပုံစံကြောင့် ထင်ရှားပါတယ်။

Rocket Punch’s Dahyun

Dahyun ဟာ ဒီနှစ်မှာမှ ၁၆ နှစ်ပြည့်ခဲ့ပေမဲ့ ရင့်ကျက်တဲ့အလှတရားကို ပိုင်ဆိုင်ထားသူပါ။ သူမဟာ ပွဲဦးထွက်နိုင်ဖို့အတွက် SM ကနေ ထွက်ခွာပြီး Woollim Entertainment ကို ပြောင်းရွှေ့သွားခဲ့တာပါ။

Park Jung Yeon

Park Jung Yeon ဟာ အဆိုတော် Park Hak Ki ရဲ့သမီးပါ။ သူမဟာ Key East ကိုပြောင်းရွှေ့ခဲ့ပြီး မင်းသမီးအဖြစ် လျှောက်လှမ်းခဲ့ပါတယ်။ King Maker ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ ရင်ထဲ ရောက်ခဲ့သူပါ။

Xu Yiyang

Xu Yiyang ဟာ SM Entertainment ရဲ့ ကျော်ကြားတဲ့ သင်တန်းသူတစ်ယောက်ပါ။ ၂၀၁၄ ခုနှစ်မှာ SM ကို ရောက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ပြန်ထွက်သွားခဲ့ပါတယ်။ တလောတုန်းက သူမဟာ တရုတ်အဆိုပြိုင်ပွဲတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။

Weeekly’s Jihan

နောက်ဆုံးတစ်ယောက်ကတော့ Weeekly အဖွဲ့ဝင် Jihan ပါ။ သူမရဲ့ Visual, အသံပိုင်းက Weeekly’s Jihan အဖွဲ့နဲ့ လုံးဝလိုက်ဖက်လွန်းမယ်လို့ ပရိသတ်တွေက သတ်မှတ်ထားကြပါတယ်။ Jihan နဲ့ပတ်သက်ပြီး SM ဟာ အရည်အချင်းရှိသူတစ်ယောက်လို့ ဆုံးရှုံးလိုက်ရတာလို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page