K pop

■ အာရှရဲ့အကောင်းဆုံး ဖြစ်လာမယ်လို့ ကြွေးကြော်ထားတဲ့ BLACKPINK ရဲ့ ‘THE SHOW’ ဒီနေ့ ကျင်းပမယ်

— – – YG ရဲ့ Concert ဒါရိုက်တာကတော့ ‘THE SHOW’ ဟာ အာရှရဲ့ …

ကမ္ဘာအနှံ့က ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ K-Pop နာမည်ကျော် BLACKPINK အဖွဲ့ရဲ့ ပထမဆုံးအွန်လိုင်း Concert ဖြစ်တဲ့ ‘THE SHOW’ ကို ဒီနေ့(တနင်္ဂနွေ) မြန်မာစံတော်ချိန် (၁၁း၃၀)နာရီမှာ စတင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒီအွန်လိုင်း Concert ကို စီမံတဲ့ YG ရဲ့ Concert ဒါရိုက်တာကတော့ BLACKPINK အဖွဲ့ရဲ့ ‘THE SHOW’ ဟာ အာရှမှာ အကောင်းဆုံး အွန်လိုင်း Concert ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။

BLACKPINK အဖွဲ့ဝင်တွေဟာ ‘THE SHOW’ အတွက် Rehearsal ကို ဇန်နဝါရီ (၃၀)ရက်(စနေနေ့)က ပြုလုပ်ခဲ့ပြီး အွန်လိုင်းက ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေ တော်တော်များများ ကျေနပ်ကြောင်း ဆိုခဲ့ကြပါတယ်။

BLACKPINK ရဲ့ ‘THE SHOW’ ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ပွဲမစတင်ခင် တစ်နာရီအထိ BLACKPINK ရဲ့ Official You Tube Channel မှာ Buy Access ပြုလုပ်ရာမှာဖြစ်ပြီး (၃၇)ဒေါ်လာနဲ့ (၄၉)ဒေါ်လာဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်။

— ဃဲ
Ref: YG

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page