K pop

■ YouTube Views ထပ်တိုးစံချိန်ကို တင်လိုက်တဲ့ BTS

—- BTS အဖွဲ့ဟာ YouTube Views မိုင်တိုင်နဲ့ပတ်သက်ပြီး သူတို့ရဲ့ စံချိန်ကိုပဲ ကျော်ကာ ထပ်တိုး စံချိန်ထပ်တင်နိုင်ခဲ့…

BTS အဖွဲ့ရဲ့ “Dynamite” (Choreography Version) ဟာ YouTube Views သန်း 100 ပြည့်သွားခဲ့ ပြီး YouTube Views သန်း 100 ပြည့် MV အများဆုံးပိုင်ဆိုင်တဲ့ Korean Artist အဖြစ် ထပ်တိုးစံချိန် ကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ 30 ရက်နေ့ ကိုရီးယားစံတော်ချိန် 7:20PM မှာ BTS အဖွဲ့ရဲ့ “Dynamite” (Choreography Version) ဟာ YouTube Views သန်း 100 ပြည့်သွားခဲ့တာပါ။ အဆိုပါ MV ဟာ 2020ခုနှစ် စက်တင်ဘာလ 26 ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး 4လနဲ့ 4ရက်အကြာမှာ YouTube Viwes သန်း 100 ပြည့်တဲ့ မိုင်တိုင်ကိုရောက်ရှိခဲ့တာပါ။

BTS အဖွဲ့ဟာ အရင်ကတည်းက YouTube Views သန်း 100 ပြည့် MV အများဆုံးပိုင်ဆိုင်တဲ့ Korean Artist အဖြစ် မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။ အခု “Dynamite” (Choreography Version) ဟာ Views သန်း 100 ပြည့်တဲ့ သူတို့ရဲ့ 31 ပုဒ်မြောက် MV ဖြစ်ပြီး ထပ်တိုးစံချိန် စိုက်ထူ လိုက်တာဖြစ်ပါတယ်။

မကြာသေးခင်ကလည်း BTS ဟာ “Dynamite” MV နဲ့ YouTube Views သန်း 800 အမြန်ဆုံးပြည့် တဲ့ K-pop Group MV အဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

-m2t
Ref: Soompi

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page