K pop

■ ’30th Seoul Music Awards’ မှာ လူစုံပြည့်ပါဝင်ဖျော်ဖြေဖို့ရှိနေတဲ့ TWICE

— ONCE တွေဟာ ’30th Seoul Music Awards’ မှာ အဖွဲ့ဝင် 9 ဦးအပြည့်နဲ့ ဖျော်ဖြေမယ့် TWICE အဖွဲ့ကို မြင်တွေ့ရဖို့ မျှော်လင့်နေ…

ဇန်နဝါရီလ 30 ရက်နေ့က Nayeon ဟာ V Live Stream လွှင့်ခဲ့ပြီး ONCE တွေကို စပရိုက်တိုက်ခဲ့ပါ တယ်။ ဘာလို့လည်းဆိုတော့ Nayeon ဟာ ဆံပင်စတိုင်အသစ်၊ Bubble Profile Picture တို့ အံ့အား သင့်စေခဲ့တာပါ။

နောက်ပြီး ONCE တွေကို မျှော်လင့်ချက်ဖြစ်စေမယ့် စကားကိုလည်းအရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ Nayeon က “ ကျွန်မတို့အားလုံး မနက်ဖြန်မှာကျင်းပမယ့် ’30th Seoul Music Awards’ မှာမြင်တွေ့ရ ဖို့ရှိတယ်။ ဒီလိုမျိုးကို သူမအရမ်းနှစ်သက်ပါတယ်။ ဖြစ်လာအောင်လည်း သေချာပေါက်လုပ်မှာပါ” လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။

Nayeon ရဲ့ အရိပ်အမြွက်စကားကြောင့် ONCE တွေက ’30th Seoul Music Awards’ မှာ အဖွဲ့ဝင် 9 ဦးအပြည့်နဲ့ ဖျော်ဖြေဖွယ်ရှိတယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ TWICE အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jungyeon ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ကျန်းမာရေးအခြေအနေကြောင့် လှုပ်ရှားမှုတွေရပ်တန့် ထားပြီး အနားယူနေတာဖြစ်ပါတယ်။ အခု ’30th Seoul Music Awards’ မှာ Jungyeon တစ်ယောက် ပြန်ဖျော်ဖြေနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

’30th Seoul Music Awards’ ကို ဇန်နဝါရီလ 31 ရက် ကိုရီးယားစံတော်ချိန် 6:50PM မှာ ကျင်းပပြု လုပ်မှာဖြစ်ပြီး Host တွေက Shin Dong Yup ၊ Heechul နဲ့ Sooyoung တို့ဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page