—- EXO အဖွဲ့ဝင် Xiumin ဟာ စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် ပထဆုံးသီချင်း တစ်ပုဒ်ကို သီဆို ပြီး EXO-L တွေထံပို့ပေးတော့မှာဖြစ်ပါတယ်။
EXO အဖွဲ့ရဲ့ ပထမဆုံး စစ်မှုတာဝန်ပြီးဆုံးခဲ့တဲ့ Xiumin ဟာ 2020 ခုနှစ် ဒီဇင်ဘာလ 6 ရက်နေ့က စစ်မှုတာဝန်ပြီးဆုံးခဲ့သူဖြစ်ပါတယ်။ သူဟာ စစ်မှုတာဝန်ပြီးဆုံးတာနဲ့ V Live နဲ့ Broadcast တွေလွှင့်ခဲ့ သလို Variety Show တွေမှာလည်း ဧည့်သည်အဖြစ်နဲ့ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခုအခါ Xiumin ဟာ K-Drama ချစ်သူတွေကြား နာမည်ကြီးနေတဲ့ tvN ဒရာမာ ‘Queen Cheorin’ မှာ OST သီဆိုမှာဖြစ်ပြီး အဆိုပါသီချင်းဟာ စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးဆိုမယ့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
Xiumin သီဆိုမယ့် OST သီချင်းရဲ့နာမည်က “To My One and Only You” ဖြစ်ပြီး အမျိုးသားတစ်ဦး ရဲ့ ချစ်ခြင်းနဲ့ခံစားချက်တွေကို ဖော်ကျူးထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
အဆိုပါ Xiumin ရဲ့ OST “To My One and Only You” ကို ဇန်နဝါရီလ 31ရက်နေ့(ယနေ့) ကိုရီး ယားစံတော်ချိန် 6PM မှာထုတ်လွှင့်မယ်လို့ သိရပါတယ်။
-m2t
Ref: Allkpop
*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*