K pop

■ 2020 ခုနှစ် အာရပ်ကမ္ဘာမှာ အကျော်ကြားဆုံး K-pop သီချင်း (၁၀)ပုဒ်

—- 2020 ခုနှစ် အရှေ့အလယ်ပိုင်းဒေသ အာရပ်ကမ္ဘာမှာ အကျော်ကြားဆုံး K-pop သီချင်း 10 ပုဒ်က ဘာတွေဖြစ်မလဲလို့ ထင်ပါသလဲ…

K-pop Music တွေဟာ တစ်ကမ္ဘာလုံးအနှံ့ စီးဆင်းလာနဲ့အညီ အရှေ့အလယ်ပိုင်းဒေသ အာရပ်ကမ္ဘာ မှာလည်း ပေါ်ပြူလာဖြစ်တာဖြစ်ပါတယ်။ အာရပ်ကမ္ဘာမှာ အကြီးဆုံး Music Streaming ပလက် ဖောင်းကတော့ Anghami လို့ခေါ်တဲ့ ဆိုက်တစ်ခုပဲဖြစ်ပါတယ်။

မကြာသေးခင်က Anghami ဟာ 2020 ခုနှစ် လူကြိုက်အများဆုံး K-pop သီချင်း စာရင်းတွေကို ဖော်ပြခဲ့ပါတယ်။ အဆိုပါ 2020 ခုနှစ် လူကြိုက်အများဆုံး K-pop သီချင်း စာရင်းရဲ့ ထိပ်ဆုံးမှာရပ် တည်ခဲ့တဲ့ သီချင်းကတော့ BTS ရဲ့ Grammy-nominated hit ‘Dynamite’ ပဲဖြစ်ပါတယ်။

BTS အဖွဲ့ဟာ အာရပ်ကမ္ဘာမှာ လူကြိုက်အများဆုံး K-pop အဖွဲ့တစ်ဖွဲ့လို့ ဆိုရမှာဖြစ်ပြီး ထိပ်ဆုံး သီချင်း 10 ပုဒ်မှာ (8)ပုဒ်က သူတို့သီချင်းတွေပဲရပ်တည်ခဲ့တာပါ။ Jennie ရဲ့ Solo ၊ TWICE အဖွဲ့ရဲ့ Fancy သီချင်းနှစ်ပုဒ်သာ နံပါတ် (6)နဲ့ နံပါတ် (9)မှာရပ်တည်နိုင်ခဲ့ပြီး ကျန်တဲ့ဟာတွေက BTS သီ ချင်းတွေချည်ပဲ ပေါ်ပြူလာဖြစ်ခဲ့တာပါ။

အထူးသဖြင့် BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jungkook ရဲ့ ‘Euphoria’ သီချင်းဟာ ထွက်ထားတာ 2နှစ် ကျော်ပြီဖြစ်တာတောင် အာရပ်ကမ္ဘာမှာရေပန်းစားနေဆဲဖြစ်ပြီး Top 10 စာရင်းထဲဝင်ခဲ့တဲ့ BTS အဖွဲ့ရဲ့ တစ်ပုဒ်တည်းသော Solo သီချင်းလည်းဖြစ်ပါတယ်။ နောက်ပြီး Jungkook ဟာ Qatar, United Arab Emirates, Saudi Arabia, Egypt တို့ရဲ့ Google မှာရှာဖွေမှုအများဆုံး K-pop Idol တစ်ဦးလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop & Anghami

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page