K pop

■ Fan Girl လေး (G)I-DLE’s Soyeon ကို 2PM အတွက် သီချင်းရေးပေးဖို့ တောင်းဆိုလိုက်တဲ့ Taecyeon

— (G)I-DLE ပရိသတ်တွေ၊ 2PM ပရိသတ်တွေကတော့ Soyeon ဟာ 2PM အဖွဲ့ရဲ့ အမာခံပရိသတ် နဲ့ Fan Girl လေးဆိုတာ ကောင်းကောင်းသိပါတယ်။ အခုအခါ Fan Girl လေး Soyeon ရဲ့ အိပ်မက် တွေအမှန်တကယ်ဖြစ်လာဖို့ အခွင့်အရေးရခဲ့ပါပြီ…

2PM အဖွဲ့ဝင် Taecyeon ဟာ Fan Girl လေးဖြစ်တဲ့ (G)I-DLE အဖွဲ့ဝင် Soyeon ကို သူတို့အဖွဲ့အ တွက် သီချင်းတစ်ပုဒ်ရေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဇန်နဝါရီလ 29 ရက်နေ့က Taecyeon ဟာ “ Jeon Soyeon ဟာ 2PM ရဲ့ တယ့်ပရိသတ်တစ်ဦး” ဆိုတဲ့ ဗီဒီယိုလင့်ချ်ကို Twitter မှာ Share ပြီး Tweet မှာလည်း “ Soyeon ရေ…ငါတို့အတွက် သီချင်းလေးတစ်ပုဒ်ရေးပေးပါ” ဆိုပြီး ဖော်ပြခဲ့တာဖြစ် ပါတယ်။

(G)I-DLE ပရိသတ်တွေဟာ Soyeon အနေနဲ့ 2PM ရဲ့ တကယ့်အမာခံပရိသတ်ဆိုတာ အားလုံးသိပါ တယ်။ ဘာလို့လည်းဆိုတော့ သူမဟာ ပရိသတ်တွေကို မကြာခဏပြောလေ့ရှိသလို 2PM ရဲ့ သီချင်း တွေကို Cover ကလေ့ရှိတာဖြစ်ပါတယ်။

နောက်ပြီး Soyeon ဟာ (G)I-DLE အဖွဲ့ထဲမှာ ထူးချွန်ပြီး စွယ်စုံရအဆိုတော်တစ်ဦးဖြစ်ပါတယ်။ Rap၊ Perform ၊ Compose ၊ Produce လုပ်နိုင်သူပါ။ သူမဟာ (G)I-DLE ရဲ့ Hit Song တွေဖြစ်တဲ့ “Han,” “Senorita,” နဲ့ “Oh My God,” တို့ကို Produce လုပ်ထားသလို 11 ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အဖွဲ့ ရဲ့ 4ခုမြောက် Mini Album ‘I Burn,’ မှာပါဝင်တဲ့ သီချင်းအားလုံးကိုလည်း သူမကိုယ်တိုင် Produce လုပ်ထားတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page