K pop

■ BTS အဖွဲ့ဝင်တွေကို စစမြင်ချင်း Big Hit သင်တန်းသားဟောင်း Jihoon စိတ်ထဲဘယ်လိုတွေးခဲ့သလဲ

– – – BTS အဖွဲ့ဝင်တွေကို စစမြင်ချင်းမှာ သူ့ရဲ့ထင်မြင်ချက်ကို Jihoon ကပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့တာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းလှပါတယ်။

Brightoon လို့လူသိများတဲ့ Jihoon ဟာ YouTube channel တစ်ခုဖြစ်တဲ့ Brightoon TV ကို တည်ထောင်ထားခဲ့တာပါ။ သူက တခြားတော့မဟုတ်ဘဲ BTS အဖွဲ့ဝင်တွေနဲ့ တွဲဖက်လေ့ကျင့်ဖူးတဲ့ Big Hit သင်တန်းသားဟောင်းတစ်ယောက်ပါ။ Jihoon ဟာ အစီအစဉ်တစ်ခုမှာ BTS အဖွဲ့တွေကို မြင်မြင်ချင်း သူ့အနေနဲ့ ဘယ်လို ထင်မြင်မိခဲ့သလဲဆိုတာ ဖွင့်ဟခဲ့ပါတယ်။

Jin

Jin လို အလွန်ချောမောတဲ့သူမျိုး အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ Jihoon က ဖွင့်ဟခဲ့ပါတယ်။ နောက်ပြီး Jin က ဖော်ရွေကာ သူ့ကိုညီအစ်ကို တစ်ယောက်လို ဆက်ဆံခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Suga

Jihoon တစ်ယောက် Suga ကို ပထမဆုံးတွေ့မြင်ချိန်မှာ Suga က အဖြူရောင်တီရှပ်နဲ့ ဘက်စကတ်ဘော ဘောင်းဘီဝတ်ဆင်ထားခဲ့တာပါ။ အဲဒီကတည်းက Suga ရဲ့ အကကောင်းမှုကို Jihoon က အံ့အားသင်ခဲ့ပါတယ်။

RM

RM ရဲ့ အသံကို ပထမဆုံးနားထောင်မိတယ်ဆိုရင်ပဲ Rapper တစ်ယောက်ဖြစ်မယ်ဆိုတာ Jihoon က ချက်ချင်း သိခဲ့ပါတယ်။ RM က ခေါင်းဆောင်ကောင်းတစ်ဦးလို့လည်း ဆိုခဲ့ပါတယ်။

J-Hope

ပထမဆုံးတွေ့ဆုံစဉ်အခါက J-Hope က သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့ကြောင်း Jihoon က ဆိုပါတယ်။ ဒီအရာက J-Hope နဲ့ သူ့ကို ပိုပြီးရင်းနှီးစေခဲ့တာပါ။

V

V ရဲ့ ချောမောလှပမှုကို Jihoon လည်းမျက်ကွယ်မပြုနိုင်ခဲ့ပါဘူး။ V ဟာ အဲဒီအချိန်ကတည်းက အလွန်ချစ်စရာကောင်းသူလို့ Jihoon က ဖွင့်ဟခဲ့ပါတယ်။

Jimin

Jimin က သူပထမဆုံး တွေ့မြင်စဉ်အခါက ကလေးမျက်နှာလေးနဲ့ အလွန်ချစ်ဖို့ကောင်းကြောင်း Jihoon က ဆိုပါတယ်။ ဒါ့အပြင် Jimin ရဲ့ အကစွမ်းရည်ကလည်း မယုံနိုင်စရာပဲလို့ Jihoon က ဆိုခဲ့ပါတယ်။

Jungkook

Jungkook ကို ပထမဆုံး တွေ့မြင်စဉ်အခါတုန်းက ကျော်ကြားမယ့်သူဆိုတာ ချက်ချင်းသိခဲ့တယ်လို့ Jihoon က ထုတ်ဖော်ခဲ့ပါတယ်။

You cannot copy content of this page