K pop

■ ပထမဆုံး Online Concert ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး Rosé ရဲ့ Solo Track “GONE”

—- တစ်ကမ္ဘာလုံးက BLINK တွေမျှော်လင့်ခဲ့ကြတဲ့ BLACKPINK အဖွဲ့ရဲ့ ပထမဆုံး Online Concert “THE SHOW” ဟာ အလန်းစား၊ အမိုက်စားတွေနဲ့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာ့အချစ်ခံအမျိုးသမီးလေးဦးဟာ မနှစ်က ထွက်ထားခဲ့တဲ့ “THE ALBUM,” သီချင်းတွေအပါအဝင် သူတို့ရဲ့ Hit Song သီချင်းအများအပြားကို ဖျော်ဖြေသွားခဲ့သလို Rosé ဟာလည်း သူမရဲ့ ပထမဆုံး Solo Track “GONE” ကို ဖျော်ဖြေသွားခဲ့ပါတယ်။

BLACKPINK ဟာ အဖွင့်ဖျော်ဖြေမှုအနေနဲ့ “Kill This Love” ကိုဖျော်ဖြေခဲ့သလို နောက်တော့ “THE ALBUM,” ထဲက တစ်ခါမှ မဖျော်ဖြေဖူးတဲ့ “Crazy For You,” ကိုဖျော်ဖြေခဲ့ပါတယ်။ နောက်ပြီး “How You Like That,” ကို အမိုက်စားတွေနဲ့ ဆက်လက်ဖျော်ဖြေခဲ့သလို “Don’t Know What To Do,” “Playing With Fire,” “Lovesick Girls,” နဲ့ “Sour Candy,” (Collaboration With Lady Gaga) သီချင်းတွေကို ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

Concert မှာ Jisoo က တစ်ကမ္ဘာလုံးက ကြည့်နေတဲ့ BLINK တွေကို “ Concert စင်မြင့်ထက်မှာ ပထမဆုံးအကြိမ် ပြန်လည်ရပ်နိုင်ခဲ့ပြီး BLINK တွေကို အွန်လိုင်းကနေ မြင်တွေ့ရတာ စိတ်လှုပ်ရှား မိနေခဲ့ပါတယ်” လို့ပြောခဲ့သလို Rosé ကလည်း သူတို့ရဲ့ ဖျော်ဖြေမှုကို သက်သောင့်သက်သာနဲ့ အိပ်ယာပေါ်မှာပဲဖြစ်ဖြစ် ဆိုဖာပေါ်မှာဖြစ်ဖြစ် ပျော်ရွှင်စွာကြည့်နေမယ်လို့ မျှော်လင့်တယ်လို့လည်း ပြောခဲ့ပါတယ်။

နောက်တော့ BLACKPINK အဖွဲ့ဟာ “Pretty Savage” နဲ့ “DDU-DU DDU-DU.” သီချင်းတို့ကို အားပြင်းပြင်းထန်ထန်နဲ့ ဖျော်ဖြေခဲ့သလို Solo တွေလည်း ဖျော်ဖြေခဲ့ကြပါတယ်။ အထူးသဖြင့် Rosé ဟာ မထွက်သေးတဲ့ သူမရဲ့ Solo Album ထဲမှာပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “GONE,” English-language track ကိုလည်း ပရိသတ်တွေအတွက် စတင်မြည်စမ်းဖျော်ဖြေပေးခဲ့ပါတယ်။

-m2t
Ref: Soompi

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page