K pop

■ မြောက်ကိုရီးယားမှာ BTS အလွန်နာမည်ကြီးသလား

—- BTS အဖွဲ့ဟာ ကမ္ဘာကျော် K-pop အဖွဲ့တစ်ဖွဲ့ဆိုတာ အားလုံးသိပါတယ်။ သူတို့ဟာ မြောက်ကို ရီးယားမှာရော နာမည်ကြီးသလား…

မကြာသေးခင်က AYO‘s “Comment Defenders” Series အစီအစဉ်မှာ မြောက်ကိုရီးယား Defector နှစ်ဦးဖြစ်တဲ့ Kang Nara နဲ့ Park Yoo Sung တို့ဟာ မြောက်ကိုရီးယားမှာ Hallyu တွေရဲ့စီးဆင်းမှုကို ပြောပြခဲ့ကြပါတယ်။

အဲဒီမှာ Park Yoo Sung က တကယ်တော့ BTS အဖွဲ့ဟာ မြောက်ကိုရီးယားမှာ အလွန်နာမည်ကြီးတဲ့ အဖွဲ့ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ဘယ်လောက်ထိနာမည်ကြီးသလဲဆိုရင် အခုအချိန် မြောက်ကိုရီး ယားမှာ သူတို့ကို Code နာမည်တွေနဲ့ ခေါ်ရတယ်လို့ ပြောခဲ့ပါတယ်။

“ ဒီနေ့တွေဟာ မြောက်ကိုရီးယားပရိသတ်တွေဟာ BTS လို့ တိုက်ရိုက်မခေါ်ရပါဘူး။ ဒါကြောင့် ပရိသတ်တွေဟာ လျှို့ဝှက်နာမည်နဲ့ခေါ်ကြပါတယ်”

-Park Yoo Sung

မြောက်ကိုရီးယားမှာ “Bulletproof Boy Scouts” လို့ခေါ်ရင် BTS လို့လူတိုင်းသိကြတာကြောင့် “Bulletproof Backpack” လို့ဖန်တီးပြီး လျှို့ဝှက်ခေါ်ကြတယ်လို့ ပြောခဲ့ပါတယ်။

“ ‘Bulletproof Backpack’ ဆိုတဲ့နာမည်ကိုကြားဖူးကြလား။ ‘Bulletproof Boy Scouts’ လို့ပြောရင် BTS ကိုပြောတာလို့ မြောက်ကိုရီးယားမှာ ရိပ်မိသွားမှာပါ” – Park Yoo Sung

နောက်ပြီး Defector တစ်ဦးဖြစ်သူ Kang Nara ကလည်း မြောက်ကိုရီးယားမှာ BTS ဘယ်လောက်ထိ ပေါ်ပြူလာဖြစ်သလဲဆိုတာကို ပြောပြခဲ့ပြန်ပါတယ်။

“ ပြီးခဲ့တဲ့ 2 နှစ်တုန်းက မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကိုရောက်လာတဲ့ သူငယ်ချင်းဆီက နေ ကျွန်မ သိခဲ့ရပါတယ်။ လူတိုင်းဟာ BTS ကိုသိကြပါတယ်တဲ့။ သူတို့ရဲ့ သီချင်းဖြစ်တဲ့ ‘Spring Day’ ကို တဝီဝီမြည်အောင် သီဆိုကြတာပါ” လို့ Kang Nara က ပြောခဲ့ပါတယ်။

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page