Celebrity

■ မင်းသား Lee Jong Suk ရဲ့ သူအနှစ်သက်ဆုံး ဒရာမာကာရိုက်တာနှစ်ခု

—- သင်သာ မင်းသား Lee Jong Suk ရဲ့ Crazy Fan ဆိုရင် သူ ရိုက်ကူးခဲ့တဲ့ ဒရာမာနဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးပါလိမ့်မယ်။

မင်းသား Lee Jong Suk ဟာ ပေါ်ပြူလာဖြစ်တဲ့ ဒရာမာတွေ ရုပ်ရှင်တွေအများအပြားကို ရိုက်ကူးခဲ့သူ ဖြစ်ပြီး အဲဒီထဲက သူအနှစ်သက်ဆုံး ဒရာမာကာရိုက်တာနှစ်ခုက ဘာဖြစ်မလဲလို့ထင်ပါသလဲ။ Lee Jong Suk ဟာ စစ်မှုတာဝန်ပြီးဆုံးပြီး မကြာသေးခင်က ESQUIRE Korea နဲ့ အင်တာဗျူးပြုလုပ်ခဲ့ကာ အဲဒီမှာပြောခဲ့တာဖြစ်ပါတယ်။

Lee Jong Suk ဟာ အနုပညာလောကထဲမှာ ဖြတ်သန်းလာတာ ဆယ်စုနှစ်ကျော်ပြီဖြစ်တာကြောင့် ခဏတော့စဉ်းစားခဲ့ရပြီး နောက်ဆုံးမှာ သူအနှစ်သက်ဆုံး ပထမဆုံးကာရိုက်တာက 2013 ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒရာမာ ‘I Can Hear Your Voice.’ ဖြစ်တယ်လို့ ရွေးချယ်ခဲ့ရပါတယ်။

‘I Can Hear Your Voice.’ ဒရာမာထဲက ကာရိုက်တာ Park Soo Ha ကိုနှစ်သက်တယ်လို့ပြောခဲ့ပါ တယ်။ Park Soo Ha ဟာ အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အခြားသူတွေရဲ့ စိတ်တွေကို ဖတ်နိုင်ကာ လူသတ်သမားနဲ့ အပြိုင်အဆိုင်ယှဉ်ဖိုက်နေတဲ့ ကာရိုက်တာလည်းဖြစ်ပါတယ်။

နောက်တစ်ခု Lee Jong Suk ရွေးခဲ့တဲ့ ဒရာမာကတော့ စစ်မှုတာဝန်မထမ်းဆောင်ခင် 2019 ခုနှစ်က ထွက်ခဲ့တဲ့ ‘Romance Is A Bonus Book.’ ဖြစ်ပါတယ်။ ရိုမန့်ဒရာမာတစ်ခုဖြစ်ပြီး Lee Jong Suk ရဲ့ အရင်က ဇာတ်ရုပ်တွေနဲ့ ကွဲထွက်တဲ့ ဒရာမာလည်းဖြစ်ပါတယ်။ ဒရာထဲမှာ Lee Jong Suk ဟာ Cha Eun Ho အဖြစ် ဂျာနယ်တိုက်ရဲ့ အယ်ဒီတာအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Lee Jong Suk ကတော့ သူအနှစ်အသက်ဆုံးက ‘I Can Hear Your Voice.’ နဲ့ ‘Romance Is A Bonus Book.’ ဒရာထဲက ကာရိုက်တာလို့ဖြေခဲ့ပြီး ပရိသတ်တွေကတော့ ဘယ်ကာရိုက်တာတွေကို နှစ်သက်ပါသလဲ….

W Two World လား…Doctor Stranger လား…Pinocchio လား…While You Were Sleeping လား…

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page