K pop

■ ပုခုံးဒဏ်ရာနဲ့ပတ်သက်ပြီး ARMY တွေကို Update ပေးခဲ့တဲ့ Suga

—- Suga ရဲ့ ပုခုံးဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ARMY တွေက အမြဲတမ်းသိချင်နေကြတာပါ။

မကြာသေးခင်က ARMY တစ်ဦးဟာ Weverse မှာ Suga ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ရင်ကို ထိမှန်စေတဲ့စာရေးသားပြီး ဖော်ပြခဲ့ပါတယ်။

စာထဲမှာ Suga ဟာ BTS အဖွဲ့အတွက် ဘယ် လောက်ထိ တန်ဖိုးရှိတဲ့သူဖြစ်ကြောင်းနဲ့ ARMY တွေအတွက် ဘယ်လောက်ထိ ဘယ်လောက်အ ဖိုးတန်တဲ့သူဖြစ်ကြောင်းကို ဖော်ပြခဲ့တာပါ။ နောက် ပြီး Suga ပြန်လာဖို့ကို အမြဲတမ်းကြိုဆိုနေတယ်လို့လည်း ပြောခဲ့ပါတယ်။

အဲဒီ ARMY မလေးတစ်ဦးရဲ့ စာဟာ အခြား ARMY တွေကို စိတ်ဝင်စားစေခဲ့တဲ့အပြင် ကာယကံရှင် Suga ကိုယ်တောင် ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ Suga က အဆိုပါပို့စ်ရဲ့အောက်မှာ Comment ပေးပြီး သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး Update လုပ်ပေးခဲ့ပါတယ်။

Suga က “ ကျွန်တော်ဟာ အခုချိန်မှာ Shock-Wave Therapy ကုထုံးနဲ့ ကုသနေပါတယ်။ မကြာခင် ကျွန်တော်ပြန်လာမှာပါ” လို့ Update လုပ်ပေးခဲ့ပါတယ်။ Suga ဟာ ပြီးခဲ့တဲ့လကတည်းက ပုခုံးဒဏ် ရာကြောင့် ကုသမှုခံယူကာ အနားယူနေရသူဖြစ်ပါတယ်။

-m2t
Ref: Koreaboo

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page