— – – K-pop အဖွဲ့တိုင်းမှာ အဖွဲ့ဝင်တိုင်းက အဖွဲ့ရဲ့အောင်မြင်မှုအတွက် အရေးပါသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ …
ပရိသတ်တွေနဲ့ Netizen တွေကတော့ လက်ရှိ လှုပ်ရှားနေကြတဲ့ နာမည်ကျော် K-pop အဖွဲ့တွေထဲမှာ အရေးပါဆုံးသူတွေကို ရွေးချယ်ခဲ့ကြပါတယ်။ သူတို့ကြောင့် သူတို့ရဲ့ ပိုအောင်မြင်လာခြင်းဖြစ်တယ်လို့ ပရိသတ်တွေနဲ့ Netizen တွေက ဆိုကြပါတယ်။
BIGBANG G-Dragon

G-Dragon က BIGBANG အတွက်သာ အရေးပါဆုံးမဟုတ်ပါဘူး။ K-pop အတွက်ပါ အရေးပါဆုံးအနုပညာရှင်ဖြစ်တယ်။ သူ့ကို King of K-pop လို့ ခေါ်ကြတယ်။ သူ့ကို Idol ဆိုတာ အနုပညာရှင် Genius လို့ ခေါ်ကြတယ်။ BIGBANG အဖွဲ့ကိုသာ K-pop ကို ကမ္ဘာလမ်းခင်းခဲ့တဲ့ ရှေ့ဆုံးကလူလို့ သတ်မှတ်ကြတယ်။ ပါရမီနဲ့ တီထွင်နိုင်စွမ်းနိုင်စွမ်းကတော့ လက်ဖျားခါစရာပါပဲ။
Red Velvet Irene

Irene ရှိနေခြင်းကိုက Red Velvet ကို ပိုပြီး ထူးခြားသွားစေတယ်။ ခမ်းနားသွားစေတယ်လို့ ဆိုရမယ်။ သူက အဖွဲ့ခေါင်းဆောင်ဖြစ်သလို၊ သူမရဲ့အလှနဲ့တင် လွှမ်းမိုးနိုင်စွမ်းရှိသူပါ။
EXO Kai

Kai က all-rounder ဖြစ်ပြီး EXO အဖွဲ့ကို တစ်မျိုးတစ်ဖုံ ထူးခြားစေသူပါ။ သူက EXO ရဲ့ center ဖြစ်တယ်။ main dancer ဖြစ်သလို အဖွဲ့ရဲ့ visual တွေထဲက တစ်ဦးလည်း ဖြစ်တယ်။ သူ့ရဲ့ စတိတ်ဖျော်ဖြေမှုက မကြွေဘဲ မနေနိုင်အောင် ဆွဲဆောင်နိုင်တာကတော့ ဘောနပ်စ်ပါ။
BLACKPINK Lisa

Lisa ရဲ့ ကျော်ကြားမှုနဲ့ လွှမ်းမိုးမှုက အရမ်းကြီးမားတယ်ဆိုတာ K-pop Idol တွေထဲမှာ Instagram Follower အများဆုံးဆိုတာကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါ့ပြင် Lisa ဟာ main dancer, lead rapper ဖြစ်သလို၊ ထိုင်းနဲ့ တရုတ်မှာ သူမရဲ့ ကျော်ကြားမှုက အဖွဲ့ရဲ့အောင်မြင်မှုအတွက်ပါ အရေးပါတာဖြစ်ပါတယ်။
BTS Jungkook

Jungkook က BTS အဖွဲ့မှာ အရေးပါဆုံးသူဖြစ်ပါသတဲ့။ သူက BTS ရဲ့ အဓိက အဆိုရှင်ဖြစ်သလို၊ lead dancer, sub-rapper, center, visual တို့အပြင် golden maknae ဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ရရှိထားပြီး အဖွဲ့အတွက် သူ့ရဲ့လုပ်အားကတော့ အတော်လေးများပါတယ်။
TWICE Nayeon

Nayeon ဟာ အလွန်ကောင်းတဲ့ အသံကို ပိုင်ဆိုင်ထားသလို၊ သူမရဲ့ ပုံရိပ်ကို လိုချင်တဲ့ ပုံစံမျိုးစုံပြောင်းလဲနိုင်သူ ဖြစ်ပါတယ်။ အသက်အကြီးဆုံးဖြစ်ပေမယ့် ကလေးရုပ်လေးကြောင့် ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်သူဖြစ်ပါတယ်။
GOT7 Jinyoung

— ဃဲ
Ref: KSZ
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***