K pop

■ ပထမဆုံးအွန်လိုင်း Concert THE SHOW က BLACKPINK ဝင်ငွေ ဘယ်လောက်ရလဲ ?

— – – BLACKPINK အဖွဲ့ရဲ့ THE SHOW ကို ကမ္ဘာအနှံ့ ကြည့်ခဲ့သူ ဘယ်လောက်ရှိလဲ။ ဝင်ငွေ ဘယ်လောက် …

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံးအွန်လိုင်း Concert ဖြစ်တဲ့ THE SHOW ကို ဇန်နဝါရီ (၃၁)ရက်က အောင်မြင်စွာ ကျင်းပခဲ့ပြီး YouTube ကနေ ကမ္ဘာတစ်ဝန်းမှာ Paid ပုံစံနဲ့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ပရိသတ်တွေကို ထည့်တွက်ခြင်းမရှိဘဲ BLACKPINK အဖွဲ့ရဲ့ THE SHOW ကို လက်မှတ်ဝယ်ယူပြီး ကြည့်ရှုခဲ့သူ (၂၈၀၀၀၀) ကျော်တယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီပရိသတ်ပမာဏဟာ ပရိသတ် (၅)သောင်း ဝင်ဆံ့တဲ့ ဘောလုံးကွင်းတွေမှာ ပြုလုပ်တဲ့ K-Pop Concert (၅)ခုထက်တောင် ပိုများနေတာလည်း ဖြစ်ပါတယ်။

မိနစ် (၉၀) ကြာတဲ့ BLACKPINK အဖွဲ့ရဲ့ အွန်လိုင်း Concert THE SHOW အတွက် YG က လက်မှတ်တစ်စောင်ကို အနည်းဆုံး ဝမ် (၄၂၀၀၀) နဲ့ ရောင်းချခဲ့တာပါ။

အဲဒီနှုန်းအတိုင်းတွက်ချက်မယ်ဆိုရင်တောင် BLACKPINK အဖွဲ့ဟာ အွန်လိုင်း Concert THE SHOW ကနေ အနည်းဆုံး ဝမ် (၁၁.၈)ဘီလီယံကျော် (ကန်ဒေါ်လာ ၁၀.၅ သန်းကျော်) ရရှိမှာ ဖြစ်ပါတယ်။

THE SHOW မှာ BLACKPINK အဖွဲ့ဝင်တစ်ဦးချင်းစီက Solo သီချင်းတွေ ဖျော်ဖြေခဲ့ကြပြီး Jisoo က Tove Lo ရဲ့ “Habits”, Lisa က Doja Cat ရဲ့ “Say So”, Jennie က “SOLO”(remixed version) နဲ့ Rose ကတော့ solo debut လုပ်မယ့် သီချင်း “Gone” တို့ ဖြစ်ပါတယ်။

— ဃဲ
Ref: AKP

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page