K pop

■ (၃)လကြာ အနားယူခဲ့ရပြီးနောက် TWICE အဖွဲ့နဲ့ ဖျော်ဖြေခဲ့တဲ့ Jeongyeon ကို ပရိသတ်တွေ ဘယ်လိုမြင်လဲ

— – – စိတ်ကျန်းမာရေးအကြောင်းပြချက်နဲ့ (၃)လကြာ အနားယူခဲ့ရတဲ့ TWICE အဖွဲ့ဝင် Jeongyeon ဟာ အဖွဲ့နဲ့အတူ ပြန်လည်ဖျော်ဖြေခဲ့ရာမှာတော့ …

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလက Eyes Wide Open Album ထုတ်ဝေပြီးနောက်မှာ အနားယူနေခဲ့တဲ့ TWICE အဖွဲ့ဝင် Jeongyeon ဟာ အဖွဲ့နဲ့အတူ 2020 SEOUL MUSIC AWARDS မှာ ပထမဆုံးအကြိမ် ပြန်လည်ဖျော်ဖြေခဲ့ပါတယ်။

စိတ်ကျန်းမာရေးအခြေအနေကြောင့် (၃)လကြာ အနားယူခဲ့ရတဲ့ Jeongyeon ဟာ TWICE အဖွဲ့ရဲ့ I Can’t Stop Me သီချင်းကို ပထမဆုံးအကြိမ် အဖွဲ့ဝင်တွေစုံစုံလင်လင်နဲ့ ဖျော်ဖြေခဲ့တာပါ။

TWICE အဖွဲ့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ ONCE တွေကတော့ I Can’t Stop Me သီချင်းကို ပထမဆုံးအကြိမ် အဖွဲ့ဝင်တွေစုံစုံလင်လင်နဲ့ ဖျော်ဖြေတာကို မြင်တွေ့ရတာကြောင့် ပျော်ရွှင်နေကြပြီး Jeongyeon ပြန်လာတာကို ကြိုဆိုကြောင်း ဆိုခဲ့ကြပါတယ်။

ပရိသတ်တွေက “ကျန်းမာပါစေ Jeongyeon ခဏခဏ မြင်ချင်တယ်” “အရမ်းလွမ်းနေတာ Jeongyeon နေကောင်းအောင် နေပါ” “အဖွဲ့ဝင်တွေ စုံစုံလင်လင်နဲ့ ပြန်တွေ့ရတာ အရမ်းပျော်ပါတယ်” စတဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြပါတယ်။

— ဃဲ
Ref: AKP

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page