K pop

■ aespa အဖွဲ့ ဘာကြောင့် မုန်းသူများနေရတာလဲ ?

— – – ဒီမေးခွန်းက ချစ်မိတ်ဆွေ ကိုရီးယား Netizen တွေ အရမ်းသိချင်နေတဲ့ အကြောင်းအရာ ဖြစ်ပါသတဲ့ …

aespa အဖွဲ့ရဲ့ Comeback သတင်းကို ပရိသတ်တွေ ကြားပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကံဆိုးစွာပဲ aespa အဖွဲ့ရဲ့ Comeback သတင်းဟာ Downvote တွေ ပိုးစိုးပက်စက်များနေတယ်လို့ သိရပါတယ်။

SM Entertainment ရဲ့ Rookie Girl Group ဖြစ်တဲ့ aespa အဖွဲ့ဟာ ဖေဖော်ဝါရီ (၅)ရက်မှာ Yoo Young Jin ရဲ့ Forever သီချင်းကို rendition လုပ်ထားတဲ့ Single တစ်ပုဒ် ထုတ်ဝေမယ်လို့ တင်ခဲ့တာဖြစ်ပြီး အဲဒီသတင်းဟာ ကိုရီးယားရဲ့ နာမည်ကျော် အွန်လိုင်း Forum တစ်ခုမှာ Downvote တွေ များနေတာပါ။

ဒါကို ကိုရီးယား Netizen တွေက ဘာကြောင့် aespa အဖွဲ့ လူမုန်းများရတာလဲဆိုတာကို သိချင်နေကြတာဖြစ်ပြီး အဲဒီပို့စ်မှာ Netizen တွေ ရေးထားတဲ့ မှတ်ချက်တွေကတော့ …

“ဘာကြောင့် Downvote တွေ ဒီလောက်များရတာလဲ။ မလုံခြုံတာကို လူရှေ့မှာ ပြရတာ ရှက်စရာ မကောင်းပေဘူးလား” “JYP Stan ပါ။ ဒါပေမဲ့ aespa ရဲ့ပုံရိပ်က SM အတွက်တော့ သောကပဲ” “အေဂျင်စီက မတောင်းပန်တာ ဒါကြောင့်နေမှာပေါ့”


“ဒီတစ်ခါတော့ plagiarism ပြဿနာတွေ ရှိမလာဖို့ မျှော်လင့်တာပဲ” “Downvote တွေ အရမ်းများနေတော့ အစက သတင်းမှားလို့တောင် ထင်နေတာ” “ဆုတောင်းနေတဲ့သူတွေ ရပ်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့ကို ဘယ်သူမှ ကြိုက်မနေဘူး”စတဲ့ မှတ်ချက်ပေါင်းများစွာကို ရေးသားထားတာ ဖြစ်ပါတယ်။

— ဃဲ
Ref: AKP

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page