– – -ကိုရီးယားပြည်သူတွေဟာ ကမ္ဘာ့အထိထိုးဖောက်နိုင်ခဲ့တဲ့ BTS အတွက် ဂုဏ်ယူနေကြပြီး သူတို့အောင်မြင်နေတာ ဒီအချက်တွေကြောင့်လို့ ပြောဆိုခဲ့ပါတယ်။
အခုနှစ်ကာလအပိုင်းအခြားမှာ BTS ရဲ့အောင်မြင်မှုတွေက ကြောက်ခမန်းလိလိ တဟုန်ထိုး မြှင့်တက်လာခဲ့ပါတယ်။ BTS ဟာ အာရှမှာသာမက ကမ္ဘာ့အဆင့်အထိပါ ထိုးဖောက်လာနိုင်ခဲ့တာပါ။
ဒီလိုအောင်မြင်မှု ရလာခဲ့ခြင်းနောက်ကွယ်မှာ အကြောင်းရင်းအမျိုးမျိုးရှိနေပါတယ်။ You Tube Channel တစ်ခုဖြစ်တဲ့ DKDKTV က လမ်းသွားလမ်းလာတွေကို လိုက်ပြီး BTS အဖွဲ့ဘာကြောင့် အောင်မြင်နေခဲ့သလဲဆိုတာ လိုက်လံမေးမြန်းခဲ့ပါတယ်။
“BTS အဖွဲ့ဝင်တွေအားလုံးက ကြည့်ကောင်းကြတယ်။ သူတို့ဟာ အရည်အချင်းများစွာ ရှိသလို စကေးအများကြီးလည်း ရှိပါတယ်”လို့ မိန်းကလေးပရိသတ်တစ်ယောက်က ဖွင့်ဟသွားခဲ့ပါတယ်။ ယောက်ျားလေးပရိသတ်တစ်ယောက်ကလည်း BTS ဟာ V log နဲ့ ပရိသတ်တွေကို နေ့တိုင်းထိတွေ့နေတဲ့အတွက် သူတို့ဟာ ကျော်ကြားကြောင်း၊ သူတို့ရဲ့စာသားတွေက ကောင်းမွန်လွန်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။
အဖွဲ့ခေါင်းဆောင် RM က အင်္ဂလိပ်စကားပြောကျွမ်းကျင်တာ၊ သူတို့ရဲ့ ကကွက်တွေက အရမ်းမိုက်နေတာ၊ သီချင်းတွေက နားထောင်လို့ အရမ်းကောင်းနေတာက BTS အဖွဲ့ အောင်မြင်ရခြင်းအကြောင်းတွေလို့ ကိုရီးယားပြည်သူတွေက ဆိုခဲ့ကြပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *