K pop

■ Kai ရဲ့ဘဝမှာ အရေးပါဆုံး လူနှစ်ယောက်

– – -Kai အတုယူခဲ့ရသူတွေကတော့ တခြားမဟုတ်ပါဘူး။

EXO အဖွဲ့ဝင် Kai ဟာ တလောက ELLE KOREA မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ခဲ့ပါတယ်။ အင်တာဗျူးအစီအစဉ်မှာတော့ Kai ဟာ Gucci ရဲ့ ပထမဆုံး ဂလိုဘယ် ကိုရီးယားသံတမန်ဖြစ်လာတဲ့အကြောင်း၊ အခုလိုဘဝမျိုးရောက်ဖို့ သင်ယူခဲ့ရသူတွေအကြောင်းကို ဖွင့်ဟသွားခဲ့ပါတယ်။

ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုတစ်ခုလို လွယ်လွယ်ရယူနိုင်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီအတွက် အများကြီး ပေးဆပ်ခဲ့ရတာပါ။ ဒီနေရာမှာ ကိုယ်အတုယူရမယ့် သူတွေကလည်း အရေးပါလှပါတယ်။ Kai အတုယူခဲ့ရသူတွေကတော့ တခြားမဟုတ်ပါဘူး။ သူ့ရဲ့ အစ်မနဲ့ အမေတို့ပဲ ဖြစ်ပါတယ်။

“အစ်မနဲ့ အမေတို့ဆီက အများကြီး သင်ယူခဲ့ရပါတယ်။ ကျွန်တော့်မိသားစုက ကျွန်တော့်ဘဝရဲ့ဆရာရင်းတွေပါပဲ”
-Kai

ဒါကြောင့် Kai ဟာ မိသားစုကို အလွန်ချစ်ခင်သူ၊ အလေးအနက်ထားသူလို့ ဆိုရင်လည်း မမှားပါဘူး။ Gucci ကြော်ငြာရိုက်ကူးရေးနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ စိတ်လှုပ်ရှားမိပြီး ပွဲဦးထွက်နေ့ရက်တွေ ပြန်ရောက်သွားသလို ခံစားခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page