K pop

■ 2021 ခုနှစ်မှာ ပထမဆုံး Perfect All Kill ရတဲ့ K-pop Song

— 2021 ခုနှစ်မှာ ပထမဆုံး Perfect All Kill ရတဲ့ K-pop Song ဆိုရင် ပရိသတ်တွေ မျက်မှန်းတန်း မိမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်… IU ရဲ့ ‘Celebrity’ သီချင်းပဲဖြစ်ပါတယ်။

 

ဇန်နဝါရီလ 27 ရက်နေ့က ထုတ်လွှင့်တဲ့ IU ရဲ့ သီချင်းသစ် “Celebrity” ဟာ 28 ရက်နေ့မှာပဲ Certified All-Kill ရရှိခဲ့ပါတယ်။ အခုအခါ iChart ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ 31 ရက်နေ့ညနေပိုင်း မှာပဲ Perfect All Kill ကိုရရှိခဲ့ပါတယ်။

IU ရဲ့ “Celebrity” ဟာ သူမရဲ့5ခုမြောက် Full Album ထဲက Pre-Release သီချင်းဖြစ်ပြီး အဓိက ကိုရီးယားပြည်တွင်း Chart တွေဖြစ်တဲ့ MelOn, Genie, Bugs, FLO, နဲ့ VIBE တို့ရဲ့ Realtime Chart နဲ့ Daily Chart တွေမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ ထပ်ပြီး iChart ရဲ့ Realtime နဲ့ Weekly Chart မှာထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပြီးနောက် Perfect All-Kill (PAK) ရရှိခဲ့တာဖြစ်ပါတယ်။

IU ရဲ့ ‘Celebrity’ သီချင်းဟာ PAK ရရှိတဲ့ သူမရဲ့ 19 ပုဒ်မြောက် သီချင်းလည်းဖြစ်ပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page