K pop

■ 2NE1 အဖွဲ့တစ်ခုခုလုပ်ဖို့စဉ်းစားနေတယ်လို့ Minzy အရိပ်အမြွက်ပြောကြား

—- 2NE1 အဖွဲ့ရဲ့ Comeback ကို မျှော်လင့်နေသလား…Minzy ကတော့…

2NE1 အဖွဲ့ရဲ့ အငယ်ဆုံးလေးဖြစ်တဲ့ Minzy ဟာ 2NE1 အဖွဲ့အနေနဲ့ အတူတူ တစ်စုံတစ်ခုလုပ်ဖို့ တိုင်ပင်ဆွေးနွေးနေတယ်လို့ ပြောဆိုခဲ့တာကြောင့် Blackjacks တွေအတွက် ပျော်ရွှင်ဝမ်းမြောက်စ ရာသတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။

Minzy ဟာ ဖေဖော်ဝါရီလ 1 ရက်နေ့က Park Myung Soo’s ‘Radio Show’ အစီအစဉ်မှာပါဝင်ခဲ့ပြီး အဲဒီမှာ 2NE1 အဖွဲ့နဲ့ပတ်သက်ပြီး မေးမြန်းခံရတာဖြစ်ပါတယ်။ အဲဒီမှာ သူမက “ ကျွန်မတို့ဟာ အတူ တကွတွေ့ဆုံပြီးဆွေးနွေးနေကြပါတယ်။ အဖွဲ့လိုက် တစ်စုံတစ်ခုလုပ်ဖို့ဆွေးနွေးနေကြတာပါ” လို့ ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ Minzy ရဲ့မွေးနေ့တုန်းက 2NE1 အဖွဲ့ဝင်အားလုံးတွေ့ဆုံခဲ့ကြပြီး အတူတူအောင်ပွဲခံခဲ့ကြလို့ Blackjack တွေ ပျော်ရွှင်ခဲ့ကြပါတယ်။ အခုအခါ Minzy က 2NE1 အဖွဲ့ရဲ့ တစ်စုံတစ်ခု Comeback တွေကို ဆွေးနွေးနေတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့တာကြောင့် ပိုလို့တောင် ပျော်ရွှင်နေကြပြီး သတင်းကောင်းကို စောင့်မျှော်နေတယ်လို့ မှတ်ချက်တွေလည်းပြုနေကြပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page