K pop

■ BTS အဖွဲ့ရဲ့ ‘Dynamite’ ဝတ်စုံလေလံတင်တာ ဘယ်လောက်ရသလဲ

—- ပြီးခဲ့တဲ့ လတုန်းက BTS အဖွဲ့ရဲ့ ‘Dynamite’ ဝတ်စုံလေလံတင်ရောင်းချမှာဆိုတာ ARMY တွေသိပါတယ်။ အခုအခါ သူတို့ရဲ့ ဝတ်စုံတွေ လေလံတင်ရောင်းချမှုပြီးဆုံးသွားခဲ့ပါပြီ…

BTS အဖွဲ့ရဲ့ ‘Dynamite’ ဝတ်စုံလေလံတင်ရောင်းချမှုမှာ အမေရိကန်ဒေါ်လာ 162,500 ရရှိတယ်လို့ သိရပါတယ်။ Japan’s Oricon News ရဲ့ဖော်ပြချက်အရ BTS အဖွဲ့ရဲ့ ‘Dynamite’ ဝတ်စုံတွေကို ဂျပန်ကန်ထရိုက်တာတစ်ဦးဖြစ်သူ Maezawa Yusaku နဲ့ YouTuber HIKAKIN တို့က လေလံတင် အောင်မြင်ခဲ့တာလို့ သိရပါတယ်။

ဂျပန်ကန်ထရိုက်တာတစ်ဦးဖြစ်သူ Maezawa Yusaku နဲ့ YouTuber HIKAKIN တို့ဟာ BTS ဝတ်စုံ တွေကို အမေရိကန်ဒေါ်လာ 162,500 နဲ့ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။ လေလံတင်မှုကို အမေကန်နိုင်ငံ Julien’s Auctions မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့ရဲ့ ‘Dynamite’ ဝတ်စုံလေလံတင်ရောင်းချမှုမှရရှိတဲ့ ငွေကြေးတွေကို Music Industry က နေတဆင့် COVID-19 အကျပ်အတည်းကြောင့် ခံစားရတဲ့ ပြည်သူတွေကို လှူဒါန်းမှာဖြစ်ပါတယ်။ မကြာခင်မှာ BTS အဖွဲ့ရဲ့ ‘Dynamite’ ဝတ်စုံလေလံတင်ရောင်းချမှုဖြစ်စဉ်ကို YouTube မှာ ဖော်ပြ မှာဖြစ်တယ်လို့ သိရပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page