K pop

■ အမှောင်ဆုံးလမ်းက အမုန်းခံလူသားတွေရဲ့ နွမ်းလျအိပ်မက်

– – – အဖွဲ့ဝင်တစ်ယောက်ချင်းစီအတွက် ကုန်ကျစရိတ်စုစုပေါင်းက ဒေါ်လာ (၅) သိန်းဖိုးလောက်ရှိတာပါ။ ဒါကြောင့် အကြွေးတွေနဲ့ နစ်မွန်းသွားတဲ့……

ကားအကောင်းကားတွေကိုစီးပြီး ပိုက်ဆံကို စိတ်ကြိုက်သလောက် ထိုင်ဖြုန်းနေရတဲ့ ဘဝတွေတိုင်းက ချောမွေ့နေတာမျိုးတော့ မဟုတ်တော့ပါဘူး။ အဲဒီနောက်ကွယ်မှာ မသိခြင်းများစွာတွေ စိုက်ဝင်နေပါတယ်။

K-pop Idol တစ်ယောက်ဖြစ်ဖို့ တော်တော်လေးခက်ခဲကြောင်း၊ အယောက ်(၁၀၀၀) မှာ (၁) ယောက်တောင်ဖြစ်ဖို့မလွယ်ကြောင်း ပညာရှင်များစွာကလည်း အက်ကြောင်းထပ် ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ Idol ဖြစ်လာရင်ရော ဘဝက လွယ်ကူသွားပြီလား။

တကယ်တမ်း တိုက်ပွဲက အဲဒီအချိန်မှ စတင်တာပါ။ ယုံကြည်ရာ အိပ်မက်တွေကို ဆုပ်ကိုင်ရင်း အမြင့်ဆုံးပျံသန်းနိုင်သွားခဲ့သူတွေ ရှိတယ်။ အဲဒီလိုပဲ။ ဘဝကြမ်းတော့၊ လျှောက်လှမ်းက ဆေးသားမခိုင်တော့ ယုံကြည်ရာ အိပ်မက်ကို လက်လွှတ်လိုက်ရသူတွေလည်း ဒီနယ်ပယ်ထဲ ဒုနဲ့ဒေးပါ။

အဖွဲ့ဝင် (၇) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ MADTOWN အဖွဲ့ဟာ ပွဲထွက်ပြီး (၃) နှစ်အကြာ ၂၀၁၇ ခုနှစ်မှာပဲ ဖျက်သိမ်းလိုက်ရပါတယ်။ သူတို့အဖွဲ့ ဖျက်သိမ်းလိုက်ရတဲ့ အဓိကအကြောင်းရင်းကတော့ ရှင်းရှင်းလေးပါ။ မအောင်မြင်ခဲ့လို့ပါပဲ။ ပိုက်ဆံမရှာနိုင်လို့ပါ။

ဒီအကြောင်းကို အဖွဲ့ဝင်ဟောင်း H.O က အင်တာဗျူးတစ်ခုမှာ ဖွင့်ဟသွားခဲ့ပါတယ်။ Idol ဖြစ်လာပြီဆိုရင် အကြွေးတွေ အများကြီးစတင်ရပြီလို့ သူက ဆိုပါတယ်။ အေဂျင်စီက သူတို့ကို သင်တန်းသားဘဝကတည်းက ကုန်ကျစရိတ်တွေအားလုံးအတွက် အရင်ပြန်ယူပါတယ်။ အဖွဲ့ဝင်တစ်ယောက်ချင်းစီအတွက် ကုန်ကျစရိတ်စုစုပေါင်းက ဒေါ်လာ (၅) သိန်းဖိုးလောက်ရှိတာပါ။ ဒါက မအောင်မြင်သေးတဲ့ အဖွဲ့တစ်ဖွဲ့အတွက်တော့ တော်တော်လေး ကျပ်တည်းတဲ့ ပမာဏပါပဲ။

“TV မှာပါတဲ့ Music ပရိုဂရမ်တွေက ပိုက်ဆံသိပ်မရပါဘူး။ အပြင်က ဖျော်ဖြေပွဲတွေ၊နိုင်ငံခြားဖျော်ဖြေပွဲတွေ၊ Album ရောင်းအားတွေနဲ့ပဲ အဓိက ငွေရှာရတာပါ။ ဒါပေမဲ့ ဒေါ်လာ (၅) သိန်းကို ပြန်ဆပ်ဖို့ဆိုတာ တော်တောလေး ခက်ခဲပါတယ်။ အဖွဲ့တစ်ဖွဲ့မအောင်မြင်ဘူးဆိုရင် အဲဒီအဖွဲ့ဝင်တွေက အကြွေးတွေနဲ့ နစ်နေပါပြီ”
-H.O

ဖျော်ဖြေရေးနယ်ပယ်ထဲက ဒါရိုက်တာ တစ်ယောက်ကလည်း “ကျွန်တော့်အတွေ့အကြုံအရ ပြောရရင် အောင်မြင်တဲ့ Idol တစ်ယောက်ဖြစ်ပြီး ငွေရှာနိုင်ဖို့ဆိုတာ ထီပေါက်တာထက်တောင် ခက်ခဲပါတယ်”လို့ ဖွင့်ဟသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း Idol အဖွဲ့ပေါင်း (၄၀၀) ကျော်အထိ ပွဲထွက်ခဲ့ပြီး အဲဒီအထဲကမှ ပရိသတ်ပါးစပ်ဖျားပေါ်ရောက်တဲ့ Idol အဖွဲ့အရေအတွက်ကတော့ လက်ချိုးရေလို့ ရပါတယ်။

အိပ်မက်မက်နေသူတွေဟာ အမှောင်ဆုံး လမ်းကို လျှောက်လှမ်းနေရတာပါ။ နောက်ပြီး သူတို့ဟာ အသေးမွှားကိစ္စလေးကအစ အဆဲခံရတဲ့ အမုန်းခံလူသားတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အိပ်မက်တွေက နွမ်းလျလျနိုင်ပါတယ်။

Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

You cannot copy content of this page