K pop

■ BLACKPINK ရဲ့နာမည်ကျော်သီချင်းတစ်ပုဒ်ဟာ သူတို့ရဲ့ သီချင်းပါလို့ Minzy ဖွင့်ဟ

— 2NE1 အဖွဲ့ဝင်ဟောင်း Minzy က BLACKPINK အဖွဲ့ရဲ့နာမည်ကျော် သီချင်းတစ်ပုဒ်ဟာ သူတို့ အဖွဲ့ကိုပေးထားတဲ့သီချင်းပါလို့ ဖွင့်ဟခဲ့ပါတယ်။

Minzy ပြောခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်ကတော့ ‘AS IF IT’S YOUR LAST’ ဖြစ်ပါတယ်။ Minzy ဟာ ဖေဖော်ဝါရီလ 1 ရက်နေ့က KBS Cool FM’s radio show ‘Park Myung-soo’s Radio Show’ အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး အဲဒီမှာပြောခဲ့တာပါ။

“ BLACKPINK ရဲ့ ‘AS IF IT’S YOUR LAST’ သီချင်းဟာ အရင်က 2NE1 ကိုပေးထားတာဖြစ်ပါ တယ်။ အဲဒီသီချင်းဟာ ကျွန်မတို့ရဲ့ Demo Track ဖြစ်ခဲ့ပါတယ်” လို့ Minzy ကပြောခဲ့ပါတယ်။

အဲဒီအခါ Host ဖြစ်သူ Park Myung Soo က “ နောက်တော့ဘာဖြစ်သွားလဲ…ဆိုလိုတာက နား ထောင်ပြီး Record လည်းသွင်းလိုက်လား” လို့ မေးမြန်းခဲ့ပါတယ်။

Minzy က “ ကျွန်မတို့ဟာ အဲဒီသီချင်းကို Record သွင်းဖို့ပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်တော့ အခြား Track တွေကိုပဲ Record သွင်းဖို့ ဆုံးဖြတ်သွားခဲ့ကြပါတယ်။ အဲဒီတုန်းကလည်း သီချင်း ကောင်းတွေအများကြီးပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ ‘COME BACK HOME’ album.”ထွက်တုန်းကဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Host ဖြစ်သူ Park Myung Soo က “ မင်းတို့တွေဟာ သီချင်းကောင်းတွေကို အများကြီးပိုင်ဆိုင်ခဲ့တာ ပဲ။ ငါသိချင်တာက မင်းရဲ့ အနှစ်သက်ဆုံး 2NE1 သီချင်းက ဘာလဲ” လို့ မေးခဲ့ပါတယ်။

Minzy က မဆိုင်းမတွဘဲ “ ‘I AM THE BEST’ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page