-UNICODE
– – – Jungkook တို့ လုပ်လိုက်ပုံများ V တစ်ယောက် ရင်တုန်သွားခဲ့ရပြီး…
Run BTS ရဲ့ အပိုင်း (၁၂၇)မှာ BTS အဖွဲ့ဝင် V ဟာ နောက်ဆုံးမှာ အပြစ်ဒဏ်ခံရမဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အပြစ်ဒဏ်အရ BTS အဖွဲ့ဝင် V ဟာ Dominos တွေနဲ့ BTS ဒါမှမဟုတ် 777 ကို ပုံဖော်ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ V တစ်ယောက်တည်း မပြီးပြတ်သေးချိန်မှာ Jimin နဲ့ Jungkook တို့က ဝိုင်းကူထောင်ပေးခဲ့ကြပါတယ်။
(၃) ယောက်သား Dominos လေးတွေကို ထောင်ပြီးနောက်ပိုင်းမှာတော့ သူတို့ဟာ စကားပြောနေခဲ့ကြပါတယ်။ အဲဒီမှာ Jungkook ရဲ့ လုပ်ရပ်ကြောင့် V ဟာ ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရပါသေးတယ်။
ဒါကတော့ Jungkook ဟာ Dominos လေးတစ်ခုကိုကိုင်ပြီး V ရဲ့ ခေါင်းပေါ်မှာ ဆော့နေခဲ့ရာမှ အဲဒီ Dominos လေးဟာ အောက်ကိုပြုတ်ကျသွားပြီး တန်းစီထားတဲ့နားကို ကျသွားခဲ့တာပါ။ အဲဒီမှာ V က ကြိုးစားပမ်းစား စီထားရတဲ့ BTS ပုံစံ Dominos အတန်းလေး ပျက်သွားမှာကို စိုးရိမ်ပြီး ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရတာပါ။
အဲဒီနောက် V ဟာ အဲဒီ Dominos အတန်းကြီးကို လှဲချလိုက်ပေမဲ့ အားလုံးဟာ တစ်ခါတည်းမလှဲသွားဘဲ မအောင်မြင်ဖြစ်ခဲ့ရပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ Jungkook ရဲ့အဆော့သန်မှုကြောင့် V ရင်တုန်ပန်းတုန်ဖြစ်သွားသောအခါ
Ref: Koreaboo