K pop

■ Jennie ရဲ့ ချစ်စရာကောင်းမှုကို လက်လန်သွားခဲ့တဲ့ Cardi B

—- အမေရိကန် နာမည်ကြီးရက်ပ်ပါ Cardi B ဟာ Jennie ရဲ့ ချစ်စရာကောင်းမှုကို ချီးကျူးသွားခဲ့ပြီး ကြွေဆင်းနေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ 5 ရက်နေ့က Jennie ရဲ့ ပရိသတ်တစ်ဦးဟာ Twitter မှာ Jennie နဲ့ပတ်သက်ပြီး ပို့စ် တစ်ခုတင်ခဲ့တာဖြစ်ပါတယ်။ ပို့စ်မှာ Jennie ရဲ့ အပြုံးဓါတ်ပုံတွေနဲ့အတူ “ Jennie ဟာ ချစ်စရာအ ကောင်းဆုံးနဲ့ ထာဝရအပြုံးလှပိုင်ရှင်” လို့လည်း စာရေးသားခဲ့တာပါ။

အဲဒီပို့စ်ကို တွေ့ခဲ့တဲ့သူက Cardi B ပဲဖြစ်သလို Jennie ရဲ့ ချစ်စရာကောင်းမှုကို မျက်ကွယ်မပြုနိုင်ခဲ့ပါ ဘူး။ သူမဟာ အဲဒီပို့စ်အောက်မှာ “ သူမဟာ အပြင်မှာ ပိုပြီးတော့တောင် ချစ်စရာကောင်းသေးတယ်” လို့ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

BLINK တွေဟာ Cardi B ရဲ့ Comment ကို သဘောကျနေကြပြီး Jennie ရဲ့ ချစ်စရာကောင်းမှုမှာ အကုန်လုံးပြိုလဲကုန်တာပဲလို့လည်း မှတ်ချက်တွေပြုနေကြပါတယ်။

Cardi B နဲ့ Jennie တို့ 2019 ခုနှစ် ပဲရစ်မှာ ပြုလုပ်ခဲ့တဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ တွေ့ဖူးခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ် BLACKPINK ရဲ့ ‘THE ALBUM’ မှာ ‘Bet You Wanna’ သီချင်းကို Collaboration သီဆိုထား ကြတာဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page