K pop

■ Kai ရဲ့ Mmmh MV အလန်းစား စံချိန် (၃)ခု ရရှိ

— – – EXO အဖွဲ့ဝင် Kai ဟာ သူ့ရဲ့ Solo Debut MV ဖြစ်တဲ့ Mmmh နဲ့ အလန်းစား စံချိန် (၃)ခု ရရှိခဲ့တာ …

EXO အဖွဲ့ဝင် Kai ဟာ ၂၀၂၀ နိုဝင်ဘာ (၃၀)ရက်က Mmmh MV နဲ့ Solo Debut ပြုလုပ်ခဲ့ပြီး အဲဒီ MV ဟာ (၂)လကျော်အတွင်းမှာပဲ You Tube Views သန်း (၅၀) ကျော်ခဲ့တာ ဖြစ်ပါတယ်။

တစ်ကိုယ်တော်ပွဲထွက်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတာကြောင့် Kai ရဲ့ Solo Debut MV ဖြစ်တဲ့ Mmmh ထွက်လာချိန်မှာ ကမ္ဘာအနှံ့က ပရိသတ်တွေ အားပေးခဲ့ကြပြီး စံချိန်တင်ခဲ့တာပါ။

■ Mmmh MV နဲ့ Kai တင်ခဲ့တဲ့ အလန်းစား စံချိန် (၃)ခု
– Fastest Kpop Male Soloist Debut MV to hit 50M
– Fastest SM Soloist Debut MV to hit 50M
– Fastest SM Soloist MV to hit 50M

Kai ရဲ့ Mmmh MV ဟာ လက်ရှိမှာ Like (2.5)သန်းနဲ့ Comment (1) သန်း ရရှိထားတယ်လို့လည်း သိရပါတယ်။

— ဃဲ
Ref: AKP

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page