K pop

■ BOOMBAYAH နဲ့အတူ ပထမဆုံး One & Only Korean Act စံချိန်တင်ခဲ့တဲ့ BLACKPINK

— – – One & Only Korean Act ဆိုတဲ့ စံချိန် (၂)ခုအပြင် ကမ္ဘာပေါ်မှာ ဒီလိုလုပ်နိုင်တဲ့ အဖွဲ့ဆိုလို့ BLACKPINK နဲ့ ကမ္ဘာကျော် …

BLACKPINK အဖွဲ့ဟာ ၂၀၁၆ အောက်တိုဘာ (၈)ရက်မှာ “BOOMBAYAH” ဆိုတဲ့ သီချင်းနဲ့ ပွဲထွက်ခဲ့ပါတယ်။ အဲဒီ MV ဟာ ဖေဖော်ဝါရီ (၄)ရက်၊ ကိုရီးယားစံတော်ချိန် ညနေ (၄း၃၅) နာရီမှာ YouTube Views (၁.၁)ဘီလီယံကျော်သွားခဲ့တာ ဖြစ်ပါတယ်။

“BOOMBAYAH” ဟာ YouTube Views (၁)ဘီလီယံကျော်ဖို့ (၄)နှစ်၊ (၂)လ၊ (၄)ရက်နဲ့ (၁၂)နာရီ ကြာမြင့်ခဲ့ပြီး ဒါဟာ K-pop သမိုင်းမှာရော၊ ကိုရီးယားဂီတသမိုင်းမှာပါ Debut(ပွဲထွက်) MV နဲ့ YouTube Views (၁.၁)ဘီလီယံကျော်ခဲ့တဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော MV ဖြစ်ပါတယ်။

ဒါ့ပြင် “BOOMBAYAH” ဟာ BLACKPINK အဖွဲ့အတွက် “DDU-DU DD-DU” နဲ့ “Kill This Love” တို့ပြီးနောက် YouTube Views (၁.၁)ဘီလီယံကျော် တတိယမြောက် MV လည်း ဖြစ်လာခဲ့ပါတယ်။ ဒါဟာ K-pop နဲ့ ကိုရီးယားဂီတသမိုင်းမှာ MV (၃)ပုဒ် ပိုင်ဆိုင်တာ BLACKPINK ပဲ ရှိတာပါ။ ဒါကြောင့် BLACKPINK က (၁.၁)ဘီလီယံကျော် MV (၃)ခု ပိုင်ဆိုင်တဲ့ One & Only Korean Act ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် BLACKPINK အဖွဲ့ရဲ့ “BOOMBAYAH” MV ဟာ ကမ္ဘာဂီတသမိုင်းမှာ ကမ္ဘာကျော် One Direction အဖွဲ့ရဲ့ ပွဲထွက်သီချင်း “What Make You Beautiful” MV နဲ့အတူ YouTube Views (၁.၁)ဘီလီယံကျော်တဲ့ MV အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြောရရင်တော့ ပွဲထွက်သီချင်းနဲ့ You Tube Views (၁)ဘီလီယံကျော်တာ ကမ္ဘာပေါ်က အဆိုတော်အဖွဲ့တွေထဲမှာ One Direction နဲ့ BLACKPINK အဖွဲ့ပဲ ရှိတာပါ။

— ဃဲ
Ref: Soompi

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page