K pop

■ BTS အဖွဲ့ဝင်တွေနဲ့ ရန်မဖြစ်ရအောင် Jungkook ဘယ်လိုလုပ်ခဲ့သလဲ ?

— – – သင်တန်းသားဘဝတုန်းက BTS အဖွဲ့ဝင်တွေနဲ့ ရန်မဖြစ်ရအောင် Jungkook အသုံးပြုခဲ့တဲ့နည်းလမ်းကတော့ …

In the SOOP အပိုင်း(၆)မှာ Jungkook ဟာ V နဲ့ နှစ်ယောက်တည်း မျက်နှာချင်းဆိုင် စကားပြောခဲ့ပြီး သင်တန်းသားဘဝတုန်းက သူတို့ရဲ့ အကြောင်းတွေ၊ ခင်မင်ရင်းနှီးခဲ့တာတွေကို ပြောဆိုခဲ့ကြပါတယ်။

BTS အဖွဲ့မှာ အသက်အငယ်ဆုံးတွေဖြစ်လို့ V နဲ့ Jungkook တို့ဟာ တွဲဖက်ညီခဲ့ကြပေမယ့် Jungkook က သူ့အနေနဲ့ V ကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းသားဘဝတုန်းက V ဟာ Jungkook ကို သူနဲ့ ပြောဆိုဆက်ဆံတဲ့အခါ အကြီးတစ်ယောက်ကို ဆက်ဆံသလို၊ ဆက်ဆံနေစရာမလိုဘဲ သက်တူရွယ်တူ သူငယ်ချင်းတွေနဲ့ ပြောသလို ပြောနိုင်တယ်လို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ Jungkook က ငြင်းဆန်ခဲ့ပါတယ်။

Jungkook မှာ ငြင်းဆန်လောက်အောင် လုံလောက်တဲ့အကြောင်းပြချက်က ရှိနေတာပါ။ Jungkook က “ဒါက ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မပျက်မစီးရှိနေအောင် ထိန်းပေးခဲ့တာပါ။ တကယ်လို့ Hyung နဲ့ Jimin Hyung တို့ကိုသာ ဘော်ဒါတွေလို ပေါင်းသင်းဆက်ဆံခဲ့မယ်ဆိုရင် ကျွန်တော်တို့အကြား ရန်ပွဲတွေ အများကြီး ဖြစ်ခဲ့မှာပါ”လို့ ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ V ကတော့ သင်တန်းသားဘဝက သူတို့အနေနဲ့ ရန်ပွဲတွေ ဆင်နွှဲခဲ့ရမယ်ဆိုရင် သူတို့ရဲ့ ဆက်ဆံရေးဟာ အခုအချိန်မှာ ဒီထက်ပိုကောင်းနေလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photo Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page