K pop

■ You Tube Channel ကနေ BLACKPINK အဖွဲ့ရဲ့ တစ်လဝင်ငွေ ဘယ်လောက်ရှိလဲ ?

— – – K-Pop မှာ Subscribers အများဆုံးဖြစ်တဲ့ BLACKPINK You Tube Channel ရဲ့ တစ်လဝင်ငွေက …

BLACKPINK ဆိုတဲ့ အမည်ဟာ လက်ရှိကမ္ဘာမှာ အကျော်ကြားဆုံးနာမည်တွေထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပွဲထွက်ခဲ့တဲ့ K-Pop အမျိုးသမီးအဖွဲ့ BLACKPINK ရဲ့ အွန်လိုင်းအပေါ် လွှမ်းမိုးမှုက ကြောက်စရာလို့တောင် ဆိုနိုင်ပါတယ်။

ဒါကြောင့် BLACKPINK အနေနဲ့ နာမည်ကျော် You Tube လို့ နေရာမျိုးကနေ ဝင်ငွေ ဘယ်လောက်များ ရရှိနေသလဲဆိုတာကို သိချင်နေကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ You Tube Channel က K-Pop မှာသာမက တောင်ကိုရီးယားမှာပါ Subscribers အများဆုံး ဖြစ်နေလို့ပါပဲ။

လက်ရှိမှာ Subscribers (69.8)သန်းကျော်ရှိတဲ့ BLACKPINK You Tube Channel မှာ BLACKPINK အဖွဲ့ရဲ့ MV တွေ၊ Live Videos တွေ၊ Behind-the-scenes Content တွေကို တွေ့ရှိနိုင်ပါတယ်။

ရေဒီယိုနဲ့ TV broadcaster တစ်ဦးဖြစ်တဲ့ Cho Woo Jong ကတော့ BLACKPINK အဖွဲ့ဟာ You Tube ကနေ တစ်လကို ကန်ဒေါ်လာ (၆၅၀၀၀၀) လောက်ရရှိနေတယ်လို့ ဆိုပါတယ်။ ဒါက မြန်မာငွေ ကျပ်သိန်း (၈၆၀) ကျော်တဲ့ ပမာဏတစ်ခုလည်း ဖြစ်ပါတယ်။

— ဃဲ
Ref: SB

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page