K pop

■ Gunpo Sanbon ဟာ Visual Genius တွေကို မွေးထုတ်ရာလား ?

— – – လက်ရှိ K Industry ရဲ့ Visual Genius တွေလို့ ပြောနိုင်တဲ့ သူတွေက …

Gunpo Sanbon-dong ဟာ ဆိုးလ်ရဲ့ အပြင်ဘက်မှာ တည်ရှိတဲ့ မြို့လေးဖြစ်ပြီး အဲဒီမြို့လေးကနေ ထွက်လာတဲ့ (၃)ဦးဟာ K Industry ရဲ့ Visual Genius တွေလို့ ဆိုကြပြီး သူတို့ကတော့ …

Cha Eun Woo (Astro)

Visual Genius တွေအကြောင်းကို ပြောကြတဲ့အခါ လုံးဝကို ချန်ထားလို့ မရတဲ့သူတစ်ဦး ရှိပါတယ်။ သူကတော့ Face Genius လို့ နာမည်ကြီးတဲ့ Astro အဖွဲ့ဝင် Cha Eun Woo ပဲ ဖြစ်ပါတယ်။ Gunpo Sanbon ရဲ့ ဂုဏ်ယူစရာလူသားထဲမှာ သူက ထိပ်ဆုံးက တစ်ဦးပေါ့။

Jisoo (BLACKPINK)

YG Entertainment ရဲ့ Visual အဖြစ် ညွှန်းဆိုကြတဲ့ BLACKPINK အဖွဲ့ဝင် Jisoo ဟာ Gunpo Sanbon သူလေး ဖြစ်ပါတယ်။ သူက အဲဒီကို အခုတ်တရနဲ့ ပြောတတ်သူလည်းဖြစ်လို့ Gunpo Sanbon က လူတွေ ဂုဏ်ယူနေမှာ သေချာပါတယ်။

Seo Kang Joon

Plastic Surgeon တွေက Seo Kang Joon ရဲ့မျက်နှာဟာ ခွဲစိတ်သူတွေ အလိုချင်ဆုံးမျက်နှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ Seo Kang Joon ရဲ့ Visual က ဘယ်လောက်တောင် လွှမ်းမိုးမှု ရှိသလဲဆိုတာကို မှန်းဆဖို့တောင် ခက်ပါတယ်။ သူလည်း Gunpo Sanbon က ထွက်သူပါပဲ။

— ဃဲ
Ref: SB

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page