K pop

■ Debut စလုပ်ပြီးချင်းမှာပဲ နာမည်ကျော်တဲ့ အမျိုးသမီး Idol (၄) ဦး

— – – သူတို့ဟာ Idol အဖြစ် ပွဲစထွက်ပြီးပြီးချင်းမှာပဲ ပရိသတ်တွေရဲ့ ရှာဖွေမှုအများဆုံးတွေ …

သူတို့ရဲ့ အလှအပတွေကြောင့် ဖြစ်သလို၊ သူတို့ရဲ့ ပါရမီကိုလည်း မေ့ထားလို့ မရနိုင်ပါဘူး။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းက Viral ဖြစ်နေတာဖြစ်ပြီး ပွဲစထွက်ပြီးပြီးချင်းမှာပဲ ပရိသတ်တွေရဲ့ အချစ်တွေကို အသိမ်းပိုက်နိုင်ဆုံးအမျိုးသမီး Idol တွေကို ဖော်ပြပေးလိုက်ပါတယ်။

Suzy (missA)

missA အဖွဲ့နဲ့ Suzy ပွဲထွက်တော့ သူမရဲ့ Visual က အင်တာနက်မှာ ပေါက်ကွဲထွက်ခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ ပွဲထွက်ထွက်ချင်းမှာ ကိုရီးယားမှာ အရမ်းကျော်ကြားခဲ့သလို၊ သူမရဲ့ GIF တွေက ယနေ့တိုင် ပရိသတ်တွေကို လွှမ်းမိုးထားဆဲပါပဲ။

Tzuyu (TWICE)

TWICE အဖွဲ့ရဲ့ အငယ်ဆုံးလေး Tzuyu ဟာ အဖွဲ့နဲ့ ပွဲထွက်ပြီးပြီးချင်းမှာပဲ Visual Queen အဖြစ် နာမည်ကြီးခဲ့သူပါ။ သူဟာ Comeback တစ်ခုထက် တစ်ခု ပိုလှလာတာလည်း ငြင်းစရာမရှိပါဘူး။

Irene (Red Velvet)

Irene ဟာ Red Velvet နဲ့ ပွဲစထွက်ချိန်မှာပဲ သူ့ရဲ့ Stunning Visual ကြောင့် ထိပ်ဆုံးမှာ ရပ်တည်ခဲ့သူပါ။ Sexy ကနေ Cute အဖြစ် ပြောင်းလဲနိုင်စွမ်းမှာ Irene ကို ယှဉ်နိုင်သူ မရှိပါဘူး။

Sandara Park (2NE1)

2NE1 ရဲ့ Debut stage ဖြစ်တဲ့ Music Bank မှာ Dara ရဲ့ ဆံပင်ပုံစံက အရမ်းကို နာမည်ကြီးခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီပုံစံက Dara ရဲ့ ထားနိုင်လို့ဖြစ်ပြီး သူ့ရဲ့ အလှအပနဲ့ Chic ဖြစ်မှုကတော့ ဒီနေ့ထိအောင်ပါပဲ။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page