— – – K-Pop ရဲ့ Classic ဖြစ်တဲ့ BIGBANG သာ မိသားစုတစ်ခုဆိုရင် သူတို့ရဲ့ Role တွေက ဒီလိုဖြစ်မယ်လို့ Daesung က ဆိုပါတယ်။ အဲဒီပုံစံအတိုင်းသာဆိုရင် ချစ်စရာကောင်းလိုက်မယ့်ပုံက …
BIGBANG အဖွဲ့ဝင် Daesung ဟာ ဂျပန်မှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ BIGBANG အဖွဲ့သာ မိသားစုဖြစ်မယ်ဆိုရင် သူတို့ရဲ့ Role တွေက ဘယ်လိုဖြစ်မလဲလို့ မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းကို Daesung ဖြေပုံနဲ့ အဲဒီပုံစံအတိုင်းသာဆိုရင် BIGBANG အဖွဲ့ဝင်တွေရဲ့ ပုံစံက ဘယ်လောက်တောင် ချစ်စရာကောင်းမယ်ဆိုတာကို စိတ်ကူးနဲ့ မြင်ကြည့်ရုံနဲ့တင် သိသာနိုင်ပြီး အတော်လေးလည်း ပျော်စရာကောင်းမှာပါ။
“တကယ်လို့ ကျွန်တော်တို့ BIGBANG အဖွဲ့သာ မိသားစုဖြစ်ခဲ့မယ်ဆိုရင် ဖခင်ဖြစ်သူက G-Dragon ဖြစ်ပါတယ်။ Taeyang ကတော့ အမေပေါ့။ T.O.P ကတော့ သူတို့ကလေးပေါ့။ Seungri ကတော့ သူတို့ရဲ့ အချစ်တော်ခွေးလေး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ သူတို့ အိမ်နားမှာနေပြီး သူတို့နဲ့ အရမ်းခင်တဲ့ ကောင်လေးဖြစ်မှာပါ”လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
Daesung ရဲ့ ပြောဆိုမှုဟာ BIGBANG အဖွဲ့ဝင်တွေရဲ့ စရိုက်နဲ့ ကာရိုက်တာကို ပေါ်လွင်စေပြီး အပြင်ကနဲ့ တစ်ထပ်တည်းကျတယ်ဆိုတာကိုတော့ VIP စစ်စစ်တွေ သိကြပါလိမ့်မယ်။
— ဃဲ
Ref: BVIP
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***