K pop
■ K-Pop ကို ခံစားချင်လို့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူများ ရှိနေ
-UNICODE
– – – AYO ရဲ့ “Comment Defenders”အစီအစဉ်မှာတော့ မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေဖြစ်တဲ့ Kang Nara နဲ့ Park Yoo Sung တို့ဟာ…..
K-pop ရေစီးကြောင်းဟာ မြောက်ကိုရီးယားမှာ ဘယ်လောက်အတိုင်းအတာအထိ ဆွဲဆောင်မှုရှိသလဲဆိုတာ ဒါကိုကြည့်ရင် အထင်းသားတွေ့မြင်နိုင်ပါတယ်။
တလောတ နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ AYO ရဲ့ “Comment Defenders”အစီအစဉ်မှာတော့ မြောက်ကိုရီးယားက ထွက်ပြေးလာသူတွေဖြစ်တဲ့ Kang Nara နဲ့ Park Yoo Sung တို့ဟာ ဧည့်သည်အဖြစ် ဖိတ်ခေါ်ခံခဲ့ရပါတယ်။
အဲဒီမှာ သူတို့ဟာ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုကို အမေးခံခဲ့ရပါတယ်။ ဒါကတော့ “K-Wave နဲ့ K-pop ဟာ ကမ္ဘာအနှံ့မှာ ရေပန်းစားနေတဲ့အကြောင်း ပြောပြပေးပါဦး။ မြောက်ကိုရီးယားမှာရော K-pop အတွက်နဲ့ ထွက်ပြေးလာတဲ့သူတွေရှိလား”လို့ အမေးခံခဲ့ရတာပါ။
အဲဒီနောက် သူတို့နှစ်ယောက်စလုံးဟာ K-pop ကို ကြိုက်နှစ်သက်မှုရှိကြောင်း ချက်ချင်းဆိုသလို ဖြေခဲ့ကြပါတယ်။ Kang Nara “အများကြီးပါပဲ။ ကျွန်မအနေနဲ့ မြောက်ကိုရီးယာားမှာတုန်းက TVXQ နဲ့ Girls’ Generation အဖွဲ့တွေကို ကြည့်ဖြစ်တယ်”လို့ ဖွင့်ဟခဲ့ပါတယ်။
K-pop သီချင်းတွေကို နားထောင်ပြီး တောင်ကိုရီးယားကို စိတ်ဝင်စားခဲ့ကြောင်း၊ တောင်ကိုရီးယားဟာ ကမ္ဘာသစ်တစ်ခုလို ဖြစ်လိမ့်မယ်လို့ ထင်မှတ်မိကြောင်း၊ ဒါကြောင့်မြောက်ကိုရီးုယားကနေ ပြေးထွက်လာခဲ့တာဖြစ်ကြောင်း Kang Nara က ဆိုခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
K-pop သီချင်းတွေကို နားထောင်ပြီး တောင်ကိုရီးယားကို စိတ်ဝင်စားခဲ့ကြောင်း၊ တောင်ကိုရီးယားဟာ ကမ္ဘာသစ်တစ်ခုလို ဖြစ်လိမ့်မယ်လို့ ထင်မှတ်မိကြောင်း၊ ဒါကြောင့်မြောက်ကိုရီုးယားကနေ ပြေးထွက်လာခဲ့တာဖြစ်ကြောင်း Kang Nara က ဆိုခဲ့ပါတယ်။
Ref: Koreaboo
You cannot copy content of this page