K pop
■ “Produce 101”ထဲက စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ ရန်ဖြစ်တဲ့အခန်းအကြောင်း Somi ထုတ်ဖော်
-UNICODE
– – – လွန်ခဲ့တဲ့ (၅) နှစ်ခန့်က ပရိသတ်တွေ စိတ်ဝင်စားခဲ့တဲ့ ဒီပြကွက်နောက်ကွယ်ကအကြောင်းကို Somi က ဖွင့်ဟသွားခဲ့ပါပြီ။
လွန်ခဲ့တဲ့ (၅)နှစ်ကျော်က ထုတ်လွှင့်ခဲ့တဲ့ Produce 101 ရဲ့ ပထမဆုံး Season မှာတော့ Somi နဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့ရတဲ့ ပြကွက်တစ်ခုရှိပါတယ်။
အပိုင်း (၅) ရဲ့နောက်ဆုံးမှာ အပိုင်း( ၆)အတွက် အကြိုထုတ်လွှင့်မှုမှာ Somi ဟာ တစ်စုံတစ်ယောက်နဲ့ အော်ဟစ်ပြီးရန်ဖြစ်နေတဲ့ပြကွက်ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါတည်း အပိုင်း (၆) ထုတ်လွှင့်ရာမှာတော့ အဲဒီပြကွက်ပါဝင်လာခဲ့ခြင်း မရှိပါဘူး။
ဒါကြောင့် အဲဒီတုန်းက Somi တစ်ယောက် ဘာတွေဖြစ်ခဲ့သလဲဆိုတာ ပရိသတ်တွေက စိတ်ဝင်စားခဲ့ရတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Somi ဟာ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းပြသွားခဲ့ပါတယ်။
သူမအနေနဲ့ အမှန်တကယ် ဘာမှမဖြစ်ဘဲ တမင်တကာ ပရိသတ်တွေ စိတ်ဝင်စားမှု ရရှိအောင် ဒါရိုက်တာကိုပြောပြီး အဲဒီပြကွက်ကို သပ်သပ်ရိုက်ကူးခဲ့တာဖြစ်ကြောင်း Somi က ဖွင့်ဟခဲ့ပါတယ်။
“ပရိသတ်တွေက ကျွန်မကို ပြဿနာဖြစ်ပြီထင်ခဲ့ပေမဲ့ အမှန်တကယ်မှာတော့ ဘာပြဿနာမှ မရှိပါဘူး။ ဘယ်သူ့နဲ့မှ ရန်မဖြစ်ဘဲ ဒီအတိုင်း သရုပ်ဆောင်ခဲ့တာပါ”လို့ Somi က Live လွှင့်ရင်း ရှင်းပြသွားခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page