K pop

■ TWICE ရဲ့ Hanboks ဟာ BLACKPINK Hanboks နဲ့ တူနေလို့ JYP Entertainment တောင်းပန်ခဲ့ရ

— – – ဗီဒီယိုထုတ်လွှင့်ပြီး တစ်ရက်အကြာမှာပဲ …

JYP Entertainment ဟာ TWICE အဖွဲ့ဝင်အချို့ရဲ့ Hanboks ဟာ BLACKPINK Hanboks တူနေခဲ့တာကြောင့် မူလ designer Kim Balko ကို တောင်းပန်ခဲ့ရပါတယ်။

TWICE အဖွဲ့ဝင်တွေဖြစ်တဲ့ Dahyun နဲ့ Chaeyoung တို့ဟာ Rain နဲ့ J.Y. Park တို့ရဲ့ “Switch To Me” ကို cover ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီမှာ ဝတ်ဆင်ထားတဲ့ Hanboks ဟာ BLACKPINK Hanboks တူနေခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ ဗီဒီယိုထွက်လာပြီးနောက် BLACKPINK Hanboks ကို ချုပ်လုပ်ပေးခဲ့တဲ့ designer Kim Balko က သူ့ရဲ့ IG မှာတင်ပြီး “ဟာ … ငါ့ custom-designed outfit ဟာ ငါလည်း မလုပ်ရဘဲနဲ့ ဘာလို့ ဒီရောက်နေတာလဲ”ဆိုပြီး ဝေဖန်ခဲ့ရာမှာတော့ JYP Entertainment က တောင်းပန်စာ ထုတ်ပြန်ခဲ့တာပါ။

JYP Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “Dahyun နဲ့ Chaeyoung တို့ရဲ့ Melody Project အတွက် ဝတ်စုံတွေကို hanbok distributor ဆီက ဝယ်ယူခဲ့ကြောင်း၊ ဒါပေမဲ့ သူတို့အနေနဲ့ အဲဒီဝတ်စုံတွေဟာ တခြားအနုပညာရှင်တွေနဲ့ တူနေမယ်လို့ မထင်မှတ်ခဲ့ကြောင်း၊ အမှားအတွက် ရိုးသားစွာ တောင်းပန်ပါကြောင်း၊ အဲဒီအတွက် ဒီဇိုင်းနာကိုလည်း ရှင်းပြပြီး တောင်းပန်ခဲ့ပါကြောင်း၊ အနာဂတ်မှာ အခုလို အမှားမျိုးမရှိအောင် ဂရုစိုက်သွားမှာဖြစ်ကြောင်း”ဖော်ပြထားပါတယ်။

အဲဒီ ဗီဒီယိုက Dahyun ရဲ့ Hanboks ဝတ်စုံဟာ ၂၀၂၀ က ထုတ်ဝေခဲ့တဲ့ How You Like That MV မှာ BLACKPINK အဖွဲ့ဝင် Jisoo ဝတ်ဆင်တဲ့ ဝတ်စုံနဲ့ တူညီနေခဲ့တာဖြစ်တယ်လို့ ပရိသတ်တွေက ဆိုခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page