K pop

■ (၁၈) နှစ်ကြာ K-Pop Female Act စံချိန်တစ်ခုကို ချိုးဖျက်ခဲ့တဲ့ BLACKPINK

— – – စံချိန်သစ်တင်သူနဲ့ စံချိန်ချိုးဖျက်ခံရတဲ့ Act နှစ်ခုစလုံးဟာ … incredible ပါပဲ။

၂၀၁၆ မှာ ပွဲထွက်ပြီးကတည်းက စံချိန်ပေါင်းများစွာကို ချိုးဖျက်ပြီး စံချိန်သစ်တွေ တင်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ ထုံးစံအတိုင်းပဲ The Album နဲ့ (၁၈)နှစ်ကြာ စံချိန်တစ်ခုကို ချိုးဖျက်ပြီး K-Pop သမိုင်းတစ်လျှောက် The Best-Selling Female K-Pop Album ဆိုတဲ့ ဂုဏ်ပုဒ်ပိုင်ဆိုင်ခဲ့တာပါ။

၂၀၂၀ အောက်တိုဘာ (၂)ရက်က ထုတ်ဝေခဲ့တဲ့ The Album ဟာ ထုတ်ဝေပြီး ပထမပတ်မှာပဲ အချပ်ရေ (၁)သန်းကျော် ရောင်းချခဲ့ရတာကြောင့် K-Pop သမိုင်းမှာ ပထမဆုံး သန်းချီရောင်းရတဲ့ Album အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အခုအခါ The Best-Selling Female K-Pop Album ဆိုတဲ့ စံချိန်ကိုပါ ရရှိခဲ့တာပါ။

K-Pop သမိုင်းတစ်လျှောက် The Best-Selling Female K-Pop Album စံချိန်ကို ပိုင်ဆိုင်ထားတာ K-Pop ဘုရင်မလို့ တင်စားကြတဲ့ BoA ဖြစ်ပြီး သူ့ရဲ့ ၂၀၀၃ ဇန်နဝါရီလထုတ် Japanese studio album Valenti က အချပ်ရေ (၁.၂)သန်းနဲ့ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီစံချိန်ဟာ (၁၈)နှစ်ကြာ တည်ရှိနေခဲ့တာဖြစ်ပြီး အခုအခါမှာတော့ BLACKPINK အဖွဲ့က သူတို့ရဲ့ ပထမဆုံး studio album The Album နဲ့ စံချိန်ရိုက်ချိုးခဲ့တာပါ။ BLACKPINK အဖွဲ့ရဲ့ The Album ဟာ လက်ရှိအချိန်အထိ အချပ်ရေ (၁.၃)သန်းကျော် ရောင်းချထားရပြီး K-Pop သမိုင်းတစ်လျှောက် The Best-Selling Female K-Pop Album ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page